Part-31

958 59 0
                                    

နယ်မြေ(၂) ဆာယာ ပင်လယ်....

အပြာရောင် သန်းနေတဲ့ ကောင်းကင်ကြီးရဲ့ အောက်မှာ ဖြစ်တည်လာတဲ့ ပြာလဲ့လဲ့သန်းနေတဲ့ ပင်လယ်..။ ဆာယာ ပင်လယ်က နယ်မြေ(၂)ရဲ့ အလှပဆုံး ဖြစ်တည်မှုတစ်ခု..။

ရှောင်းကျန့် ဗီလာက တစ်ဆင့် မြင်တွေ့ရတဲ့ လှပ လွန်းတဲ့ ပင်လယ်ကို တမေ့တမော ငေးကြည့်ရင်း ငယ်ငယ်က ဒီနေရာမှာ တွေ့ခဲ့တဲ့ ကလေး တစ်ယောက်ကို အမှတ်ရမိသွားသည်။ အဲ့ကလေးက အခုလောက်ဆို အရွယ်ရောက်ရောပေါ့..။

"ကျွန်တော်ရဲ့ ခင်ပွန်းလေး သဘောကျရဲ့လား"

ပြတင်းပေါက်ကနေ လှိုင်းတက်နေတဲ့ ပင်လယ်ကြီးကို ငေးနေတဲ့ ရှောင်းကျန့်ကို ရိပေါ် အနောက်က သိုင်းဖက်ကာ မေးလိုက်သည်။

ရိပေါ် ဒီနေရာကို မလာခင် အားလုံးကို ကြိုတင်စီစဥ်ခဲ့သည်။ ရှောင်းကျန့် ရဲ့ ကျန်းမာရေးအတွက် နယ်မြေ(၂)က မား ရှယ်ယာ အများဆုံး ပါဝင်တဲ့ ဆေးရုံမှာ ဦးလေးရွှယ် အတွက် စမ်းသပ်ခန်းတစ်ခု စီစဥ်ထားသလို ရှောင်းကျန့် တစ်ခုခု ဖြစ်တာနဲ့
ဆေးရုံ တန်းသွားဖို့ ကားကအစ စီစဥ်ထားသည်။

ပင်ဘယ်ကို မြင်ချင်တဲ့ သူယုန်ပေါက် အတွက် ပင်လယ်ကို အနီးကပ်ကြည့်ရအောင် ဟိုတယ် အစား ဗီလာကို သာ သူစီစဥ်ပေးခဲ့သည်။ နယ်မြေ(၂) အတွင်း ဒီဗီလာကသာ ဆာယာ ပင်လယ်ကို အနီးကပ်မြင်ရနိုင်သည်။

ရှောင်းကျန့် သူကို ဖက်ထားတဲ့ လက်ကို လှမ်းကိုင်လိုက်ကာ..

"အင်း ကိုယ် အရမ်းသဘောကျတယ် မင်းရော သဘောကျလား"

"သဘောကျတယ် ကျွန်တော်ရှေ့မှာ ရှိနေတဲ့ ကျန့်ကောကို.."

ရိပေါ်ရဲ့ အားလုံးကို စီစဥ်ပေးထားမှုနဲ့ အားလုံးက အဆင် ပြေပြေ ချောချောမွေ့မွေ့ ။ နှင်းဆီနက်ဂိုဏ်းကို အစိုးရက ဖြိုခွဲလိုက်ကြောင်း သတင်းတွေမှာ တင်ပြထားပြီး ခေါင်းဆောင်ဖြစ်တဲ့ Seanကိုတော့ အစိုးရက ဖမ်းစီးမိကြောင်း သတင်းတွေမှာ ပလူပျံနေတော့သည်။ ဒါဟာလည်း လှည့်ကွက်တစ်ခု ဖြစ်ပေမဲ့ သူနဲ့ အစိုးရကြားက အပေးအယူ တစ်ခုပင်..။သူတို့ နှင်းဆီနက်ဂိုဏ်းက ဖျက်သိမ်းလိုက်ပြီး ကျန်တဲ့ အဖွဲ့ဝင်တွေက ကိုယ်စီ ထွက်ခွာသွားပြီးမှ ဒီနေရာကို သူတို့ ပြောင်းလာခဲ့သည်။

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now