Part-24

1K 80 6
                                    

(Unicode)

(၁)ပတ်ကြာပြီးနောက်....

နယ်မြေ(၃) နှင်းဆီနက်ဂိုဏ်း နယ်နမိတ်..

"ရှောင်းကျန့်!!!!!"

ခေါင်းဆောင်တွေ လုပ်တဲ့ အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ အရာရှိဝမ်ရဲ့ အသံကြောင့် အပြင်မှာ ထိုင်နေတဲ့ ဂိုဏ်းသားလေးတွေ ခေါင်းထောင် ကြည့်လာသည်။ ဖြစ်ပြန်ပြီဟ ဆိုတဲ့ အဓိပ္ပာယ်ပေါ် တဲ့ မျက်နှာ အမှုအရာတွေက ထပ်တူညီစွာ..၊ အရာရှိဝမ်က သူတို့ ဖိန့်ဖိန့်တုန်အောင် ကြောက်ပြီး လေးစားရတဲ့ ခေါင်းဆောင်ကို နာမည် တပ်ပြီး အော်ခေါ်ရဲတဲ့ တစ်ယောက်သော သူပင်။ ဝန်ကြီးချုပ်တောင် မအော်ရဲတဲ့ သူတို့ ခေါင်းဆောင်ကိုလေ..။

အတွင်းဘက်မှာတော့...

ကျိရန် ဟောက်ရွှမ်း မင်အာ လျန်ဟွား ဟွိုက်ခွမ်း ကျိုးချန် နဲ့ ဝေ့မင်ကတော့ မျက်နှာတွေ ရှုံတွကာ ခပ်တည်တည်နဲ့ ခြေချိတ် ထိုင်ကာ ဘာကိုမှ ဂရုမစိုက်တဲ့ ပုံနဲ့ ရှောင်းကျန့်ကို တစ်လှည့် တင်းမာနေတဲ့ မျက်နှာနဲ့ ဒေါသတွေနဲ့ ပြည့်နေတဲ့ ရိပေါ်ကို တစ်လှည့် ကြည့်နေကျသည်။

ပြသာနာ အစက အစည်းဝေးမှာ ရိပေါ်ကို ရှောင်းကျန့်က သူအဆိပ်ဖြေဆေး ဖော်မျူလာ ယူမဲ့ အဖွဲ့ကနေ ဖယ်ရှားလိုက်လို့ပင်..။

"ဘာကိစ္စ ထုတ်လိုက်တာလဲ ရှောင်းကျန့်"

"ရိပေါ် ဒီနေရာက မင်းနဲ့ မဆိုင်ဘူး ဖော်မျူလာကိစ္စကို မင်အာ က တာဝန်ယူလိမ့်မယ်"

"ခင်ဗျား အသက်ကို ကယ်မဲ့ ဖော်မျူလာကို ကျွန်တော် ကိုယ်တိုင် ယူပေးချင်တာ"

"မလိုဘူးလို့ ကိုယ် ပြောပြီးပြီဘဲ ဒီနေရာက ကိုယ်အမိန့် သက်ရောက်တဲ့ ကိုယ့်ပိုင်နက်ဘဲ မကျေနပ်ရင် ဒီစစ်ဆင်ရေးက ထွက်လိုက်တော့..."

"ခင်ဗျားက ကျွန်တော် ယောကျာ်း!!! ခင်ဗျား အသက်အတွက် ကျွန်တော် ကြိုးစားပေချင်တာ"

"အခုချိန်မှာ မဟုတ်တော့ဘူး အခုချိန်မှာ ကိုယ်က မင်း ပှုးတွဲ လုပ်ဆောင်ရမဲ့ အဖွဲ့ ခေါင်းဆောင်ဘဲ"

"ရှောင်းကျန့် ခင်ဗျားက ဘာလို့ နည်းနည်းလဲတောင် မပြောင်းလဲရတာလဲ"

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now