Ptar-16

1K 68 0
                                    

(Unicode)

ဤဇာတ်လမ်း တွေပါ ဝင်သော အကြောင်းအရာ ဖြစ်ရပ် နေရာ ဒေသ များသည် မိမိ၏ စိတ်ကူးယဉ် ဖန်တီးမှုသာ ဖြစ်သည်။
________________________________________

နယ်မြေ (၁)....

နယ်မြေ(၁) ရဲ့ အကြီးမားဆုံး လောင်းကစား
ရုံ...

ရှောင်းကျန့် မျက်နှာဖုံးကို တပ်လိုက်ကာ ထို
နေရာကို ဝင်သွားလိုက်သည်။

များလှတဲ့ လူတွေက ဟိုတစ်စု ဒီတစ်စု စု
ဝေးကာ ကစားပွဲမှာ အာရုံစိုက်နေကြသည်။

ရှောင်းကျန့် နောက်က ကျိုးချန်က...

"ပွဲနံပါတ် ၄၅"

"ကောင်းပြီ မင်အာရော"

"ခဏနေ လာလိမ့်မယ် အားလုံး အဆင်သင့်ဘဲ"

"ကောင်းပြီ"

ရှောင်းကျန့် ခပ်တည်တည်ဘဲ ပွဲနံပါတ် ၄၅
စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည်။ ကတ်ဝေ
နေတဲ့ ဝန်ထမ်းက သူဝင်ထိုင်တာနဲ့ သူကိုသာ
စိုက်ကြည့်နေသည်ကို ရှောင်းကျန့် သတိ ထားမိသည်။ ထိုဝန်ထမ်းက မျက်နှာဖုံး ဝတ်
ထားသည်မို့ ဘယ်သူလဲ ရှောင်းကျန့် မသိ
ပေ။ တစ်ဖက်က သူကို ကြည့်ကာ မလှုပ်
မယှက်နဲ့ ရပ်နေတဲ့ ထိုဝန်ထမ်းကို လူတစ်ယောက်က...

"ဟေ့ မဝေဘူးလား"

ထို ဝန်ထမ်းလေးက ထိုအော်သံကို ဂရုမပြု
ဘဲ သူကိုဘဲ ငေးကြည့်နေရင်း...

"လူကြီးမင်း ကစားမှာလား"

ရှောင်းကျန့် ထိုဝန်ထမ်းဆီက ထွက်လာတဲ့
အသံ ကြောင့် မျက်ဝန်းအိမ်များက မသိမသာ လှုပ်ခတ်သွားသည်။ မဖြစ်နိုင်တာ
ရှောင်းကျန့် အသိစိတ် ဝင်စမ်း..။

"လူကြီးမင်း"

"ဟုတ်တယ် ကဒ်ဝေတော့"

ရှောင်းကျန့် အချိန် ၁နာရီ အတွင်း နိုင်ပွဲများ
က ဆက်တိုက်ပင်..။ ထိုချိန် သူဘေးရောက်
လာတဲ့ အရက်ခွက်..။ လာချပေးတဲ့ သူကို
ရှောင်းကျန့် မော့ကြည့်ကာ ခွက်အောက်ခြေ
ကို ဘယ်သူမှ မသိအောင် စမ်းလိုက်သည်။

သူ့ခန့်မှန်းထားတဲ့ အတိုင်း သတင်းရပြီ။

ရှောင်းကျန့် ခပ်ဖွဖွ ပြုံးလိုက်ကာ သူလက်ထဲမှာ ထိုစာရွက်ကို ယူလိုက်သည်။

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now