Extra-3

1.1K 66 2
                                    

(Unicode)

ရှောင်းကျန့် ခဏခဏ မေ့မျောသွားပြီး ခဏခဏ ပြန်ထလာကာ သူ့ ရှေ့ဆက်နေမိသည်။နောက်တစ်ကြိမ် သူ့ ခန္ဓာကိုယ်က နာကျင်မှုနဲ့ ခွေလဲကျ သွားသည်။ သည်းမခံနိုင်တဲ့ နာကျင်မှု အရိုးခိုက် လောက်တဲ့ နာကျင်မှုက သူ့ တစ်ကိုယ်လုံးကို တိုက်စားလို့နေသည်။ မရတော့ဘူး သူ့ သည်းမခံနိုင်တော့ဘူး..။

သူ့နားထဲ ကြားရတဲ့ အသံတစ်ချို့...

"ထပါ ကျန့်ကျန့် ကျေးဇူးပြုပြီး မင်းသာ မရှိရင် မား သားလေးက ရူးသွားလိမ့်မယ် ကျေးဇူးပြုပြီး ထလိုက်ပါ မား သားလေး အတွက် ပြန်လာပေးပါ"

"သခင် ကျေးဇူးပြုပြီး ထလာခဲ့ပါ နိုးလာပါတော့"

"ကျေးဇူးပြုပြီး ပြန်လာခဲ့ပါ"

သူကို ခေါ်နေကြတာလား...။

ဘယ်သူတွေကလဲ...။

နာကျင်နေတဲ့ ကြားက သူစဥ်းစားနေမိသည်။သူ့ ခေါင်းက ပိုပြီး ထိုးကိုက်လာချိန် ကြားလိုက်ရတဲ့ ပြတ်တောင်း ပြတ်တောင်းနဲ့ အသံလေး နာကျင်မှုတွေ ကြားထဲက ထို ဝမ်းနည်းကြေကွဲမှုတွေ ရောယှက်နေတဲ့ အသံကြောင့် ရှောင်းကျန့် မျက်ရည်တွေ စီးကျလာရသည်။

"အဲ့မှာ ကြောက်ဖို့ကောင်းလား"

အင်း ကြောက်ဖို့ကောင်းတယ်...။

"မှောင်မဲနေလား"

အင်း အလင်းရောင် တစ်ခုမှ မရှိဘူး..။

"တစ်ယောက်ထဲ မလွှတ်လိုက် နိုင်လို့ပါ ကျန့်ကောကို ကျွန်တော်က မပြောပြခဲ့တာတွေ ရှိတယ် အဲ့ဒါတွေကို ပြန်တွေ့တော့ ပြောပြမယ်နော်.."

ရှောင်းကျန့် ထိုစကားကြောင့် ခေါင်းထောင်လာမိသည်။ ရုတ်တရက် သူ ကြောက်ရွံမှုကို ခံစားလာရသည်။ ထို အသံပိုင်ရှင်က ဘာကို ပြောချင်တာလဲ..။ ခဏအကြာ သူစဥ်းစားလို့ ရပြီး..။

ဟင့်အင်း..မင်း လာလို့ မရဘူး။ မလာခဲ့နဲ့ လက်မခံဘူး။ မလာနဲ့..။

"ချစ်တယ် ကျန့်ကော.."

သူသိတာ တစ်ခုက ထိုအသံပိုင်ရှင် ပြောနေတာက သူကို ဆိုတာပင်..။

မလာနဲ့ မင်း လာလို့ မရဘူး ကိုယ်ကဘဲ လာခဲ့မယ် မလာပါနဲ့..။

သူ နာကျင်နေတဲ့ ကြားထဲက ထရပ်လိုက်ကာ ယိုင်နှဲ့ နေတဲ့ ခြေလှမ်းတွေနဲ့ အမှောင်တွေ ကြားထဲ ဆက်ပြီး တိုးဝင်လိုက်သည်။

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now