Part-14

967 69 2
                                    

(Unicode)

၃ နှစ်ကြာပြီးနောက်...

နယ်မြေ(၄).....

ပတ်ပတ်လည် မှန်တွေကာ ထားတဲ့ အခန်းထဲ မျက်နှာချင်းဆိုင် ထိုင်ကာ စကားပြော
နေတဲ့ လူနှစ်ယောက်...။ ထို အခန်းရဲ့ အပြင်
မှာတော့ ယူနီဖောင်း ဝတ် စစ်သားများနဲ့ တွဲ
ရက် ရပ်နေတဲ့ အနောက်တိုင်း ဝတ်ဆုံးနဲ့ လူ
များ။ တစ်ဖက်နဲ့ တစ်ဖက် အရိပ်အခြေ ကြည့်နေရင်း အထဲက သူတို့ ခေါင်းဆောင်တွေ
ဆီကလည်း အကြည့်မလွှဲသွား..။

မုန့်ရှား တစ်ဖက်မှာ ထိုင်နေတဲ့ လူငယ်လေး
ကို ကြည့်လိုက်သည်။ ထို လူငယ်လေး ရဲ့ မျက်လုံး များက အေးစက်နေကာ အနောက် တိုင်း ဝတ်ဆုံကို သေသပ်စွာ ဝတ်ထား သည်။ ချော မောတဲ့ မျက်နှာနဲ့ အနည်းငယ် ကော့တက်နေတဲ့ နှုတ်ခမ်းကြောင့် ထိုလူငယ်လေးက လူချမ်းသာ တစ်ယောက်ရဲ့ အထက်တန်းဆန် တဲ့ သားတစ်ယောက်လို ထင်ရနိုင်ပေမဲ့ ဒီ လူငယ်လေးက ဒီ၃နှစ်အတွင်း နှင်းဆီနက်ဂိုဏ်းကို ပြန်လည် ထူထောင်နိုင်တဲ့ ခေါင်းဆောင် တစ်ယောက်ပင်..။ သူတို့ အစိုးရနဲ့ လက်တွဲရာမှာလည်း
ပြတ်သားပြီး တိကျတဲ့ ဆုံးဖြတ်ချက်တွေ
ကို လျင်မြန်စွာ ချမှတ်နိုင်သည်။သူတို့နဲ့သာ
မပူးပေါင်းခဲ့ရင် ဒီလူငယ်လေးက သူတို့ အစိုးရကို ကြောက်ရွံ့မှု ပေးနိုင်တယ်။

ရှောင်းကျန့် တစ်ဖက်က ပြောလာတဲ့ စကား
ကို နားထောင်ပြီးမှ...

"ဆိုတော့ ဒီတစ်ခေါက် ပစ်မှတ်က သွေးနီရောင်လား"

"ဟုတ်တယ် သူတို့ ပစ္စည်းတွေ နယ်မြေ(၁)
ရဲ့ နယ်စပ်မှာ ကုန်သွယ်တာ သတင်းရထား
တယ် သူတို့ လုပ်တာက များနေပြီ ငါတို့ ဘက်က လူတွေ အများကြီးလည်း ထိထား
တယ် ပြီးတော့ မင်းနဲ့ သူတို့ကြားမှာ လုံလောက်တဲ့ ရန်ငြိုး ရှိထားတယ် မဟုတ်
လား"

"ဟုတ်တယ် ကျွန်တော် လက်ခံတယ် ဒါပေမဲ့
အားလုံးကို ရှင်းပစ်ဖို့တော့ လက်မခံနိုင်ဘူး
သူတို့ဆီက ဆေးဝါးပညာရှင် ကို အသက်ရှင်
ရက် ကျွန်တော် လိုချင်တယ်"

"ဆေးဝါးပညာရှင်..ကောင်းပြီ မင်းလိုချင်တာ ရနိုင်လိမ့်မယ် ဒီကိစ္စအတွက် ငါတို့လူ
တစ်ချို့ကို သူလျှို အနေနဲ့ တစ်ဖက် အဖွဲ့
ကို ထည့်ပေးထားမယ် လှုပ်ရှားမဲ့ အချိန် ဆက်သွယ်လိုက်"

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now