Extra-1

1.2K 64 4
                                    

(Unicode)

အချိန်အားဖြင့် မနက် ၆နာရီ...

တိတ်ဆိတ်နေတဲ့ အခန်းလေးထဲ ဟင်းအိုးဆူသံက ကျယ်လောင်နေသလို ရိုးရှင်းတဲ့ ဧည့်ခန်းရဲ့ နံရံမှာ ရဲဝတ်ဆုံနဲ့ ပြုံးနေတဲ့ လူငယ်လေးက ဂျူတီကုတ် ဝတ်ထားကာ ပြုံးနေတဲ့ လူငယ်လေးကို နောက်ကနေ သိုင်းဖက်ထားတဲ့ မှန်သွင်းထားတဲ့ပုံလေးက ဝင့်ဝင့်ကြွားကြွား..။တစ်ဖက်မှာတော့ ပြာလဲ့လဲ့ ပင်လယ်ကြီးကို နောက်ခံထားပြီး ရပ်နေတဲ့ မိသားစု ဓာတ်ပုံလေးက နေရာယူထားသည်။

မီးဖိုခန်းထဲက ပွက်ပွက်ဆူနေတဲ့ အိုးလေးကို ပိတ်လိုက်တဲ့ ကြီးမား ကျယ်ပြန့်တဲ့ လက်တစ်ဖက်..။

ထိုလူငယ်လေးက ပန်းရောင် အင်ပရွန်လေးကို ချွတ်လိုက်ပြီး နဖူးက ချွေးတွေကို သုတ်လိုက်တော့ လက်သကြွယ်မှာ ဝတ်ဆင်ထားတဲ့ နှစ်ထပ် လက်စွပ်လေးက တလဲ့လဲ့...။

ထိုလူငယ်လေးရဲ့ နောက်ကျောပြင်ကို မျက်နှာအပ်ကာ လူငယ်လေးရဲ့ ခါးကို သိုင်းဖက်လာတဲ့ ဖြူဖွေးပြီး သေးသွယ်တဲ့ လက်လေး..။

"ကျန့်ကော နိုးပြီလား"

ဝမ်ရိပေါ် တစ်ဖက်လှည့်ကာ အိပ်မှုံစုန်ဖွားလေးနဲ့ သူရဲ့ ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ဆံနွယ်ကြားထဲ သူ့လက်ကို ထည့်ကာ ဖြီးသင်ပေးလိုက်သည်။

"အင်း..."

"လာ ရေသောက်..."

သူ ရင်ဘတ်ကို မျက်နှာအပ်ကာ မျက်လုံးမဖွင့်လာသလို ခါးကို သိုင်းဖက်ထားတဲ့ လက်ကလည်း မလျော့သွား..။ ရိပေါ်  ခပ်ဟဟ ရယ်လိုက်ရင်း လက်တစ်ဖက်က တစ်ဖက်လူရဲ့ ခါးကို ထိန်းလိုက်ကာ ရေခွက်တင်ထားတဲ့ စင်ဘက်ကို ရင်ဘတ်ထဲက လူကို ဖက်ထားရင်း ခြေလှမ်း ရွေ့လိုက်သည်။

စင်ပေါ် တင်ထားတဲ့ ရေခွက်ရဲ့ ရေအပှုချိန်ကို စမ်းသပ်တဲ့ အနေနဲ့ သူ တစ်ငုံငုံလိုက်ပြီးမှ သူ့ ရင်ဘတ်ပေါ် အလုံးစုံ မှီချနေတဲ့ သူရဲ့ ကျောပြင် ပုတ်ရင်း..

"ကျန့်ကော မော့ ရေလေးသောက်လိုက် လိမ္မာတယ်"

သူ ပြောတော့ မျက်လုံး မဖွင့်ဘဲ ခေါင်းထောင်ကာ သူ ခွံတိုက်နေတဲ့ ရေကို တစ်ငုံသောက်လာသည်။

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now