Final

1.4K 52 5
                                    

(Unicode)

ရိပေါ် အခန်း ဝင်လာတော့ ကျန့်ကောကို မတွေ့ရပေ..။ စိုးရိမ်စိတ်မြင့် တက်လာတာနဲ့ အတူ အပြင်မှာ သွားရှာဖို့ ပြင်လိုက်ပေမဲ့ ရေချိုးခန်းထဲက ထွက်လာတဲ့ အသက်ရှုသံ ပြင်းပြင်းနဲ့ ငြီးသံနဲ့ အတူတူ ရေကျသံကြောင့် ခြေလှမ်း များက ရေချိုးခန်း ရှေ့မှာ ရပ်သွားရသည်။

ရေချိုးခန်း တံခါးကို ဆွဲဖွင့်ကာ အထဲကလူကို ဝင်ကြည့်ပေမဲ့ ထိုပုံစံက ရှောင်းကျန့် က သူကို မြင်စေချင်မှာ မဟုတ်ပေ..။ တံခါး လက်ကိုင်ကို ခပ်တင်းတင်း စုပ်ကိုင်ရင်း ရိပေါ် မျက်ရည်တွေ စီးကျလာရသည်။

နာရီဝက်လောက် အကြာမှာ ရေချိုးခန်းထဲက အသံတွေက တိတ်ကျသွားသည်။ ရိပေါ် တံခါးကို ကျောမှီထားရတာကနေ ထရပ်လိုက်သည်။

တံခါးဖွင့်သံနဲ့ အတူ ထွက်လာတဲ့ ပေါ့ပေါ့ပါးပါး ညအိပ်ဝတ်စုံနဲ့ သူရဲ့ ခင်ပွန်း..။ သူကို မြင်တော့ အလန့်တကြား မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်လာသည်။

"..ရိ..ရိပေါ်"

"အင်း"

ရိပေါ် ရှေ့တိုးလိုက်ရင်း မျက်ဝန်းထောင့် မျက်ရည်စကို သူသုတ်ပေးလိုက်ရင်း သူရှေ့က လူကို ရင်ခွင်ထဲ ဆွဲယူကာ တင်းကျပ်စွာ ပွေ့ဖက် လိုက်တော့ အလိုက်သင့် သူလက်ထဲ ပါလာတဲ့ သူလေးက သူ့လည်ပင်းနား မျက်နှာအပ်လာသည်။

"ကျန့်ကော...အရမ်း နာကျင်နေလား"

"ကိုယ်....နာကျင်တယ်"

"........"

ရိပေါ် သူ့ရင်ခွင်ထဲ နေကာ သူလည်ပင်းကို မျက်နှာအပ်ထားတဲ့ သူကို ပိုပြီး တင်းနေအောင် ဖက်ထားလိုက်ရင်း မျက်ဝန်းထောင့်က မျက်ရည်က စီးကျလာပြန်သည်။ သူဟာ ဘာအစွမ်းအစမှ မရှိတဲ့ ယောကျာ်းတစ်ယောက် ဖြစ်နေတယ် မလား...။

သူ့ ချစ်ရသူ နာကျင်နေရတာကို သူကတော့ ဘာမှ မလုပ်ပေးနိုင်ဘဲ အခုလို အင်အားမဲ့စွာ ငိုနေယုံသာ တတ်နိုင်သည်လား..။

"ဒါပေမဲ့လေ...ကိုယ် အသက်ရှင်ချင်တယ်"

"......"

"နာကျင်မှုတွေကို ခံနိုင်အောင် ကိုယ် ကြိုးစားမယ် ရိပေါ် ဒါကြောင့် မငိုပါနဲ့"

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now