Part-11

991 74 2
                                    

(Unicode)

Next Day>>>

ရှုပ်ပွနေတဲ့ အဝတ်အစားများနဲ့ အသက်မဲ့နေတဲ့ မျက်လုံးတွေနဲ့ ဌာနထဲကို ရိပေါ် ဝင်လာတော့ အရာရှိတွေရဲ့ မျက်လုံးများက သူဆီ
ကပ်ပါလာသည်။

စစ်ကျွင်းနဲ့ ယွီပင်း အပြင် အသစ်ရောက်လာတဲ့ အရာရှိ တွေကပါ ကြောင်အမ်းလို့ နေသည်။ မနေ့က ထွက်သွားတာ အကောင်း
ကြီးမလား..။

အရာရှိဝမ်က အမြဲ အဝတ်အစားကို သေသေသပ်သပ် ဝတ်ကာ ဘယ်လောက်ဘဲ
အလုပ်များများ သူကြည့်ရင် အနုပညာရှင်လို အမြဲ ကြည့်ကောင်းနေပြီး အခုလို တစ်ခါ
မှ မြင်ခဲ့ဖူး ထိုအပြင် အရာရှိဝမ် အမျိုးသားကလည်း အရာရှိဝမ် အတွက် အမြဲ အဝတ်အစား ပြင်ဆင်ပေးတတ်တာ သူတို့
အသိ..။ အမျိုးသားကို အဲ့လောက်တောင် လွမ်းနေတာလား ဟိုက ခရီးလေး သုံးရက်
သွားတာကိုလေ..။

စစ်ကျွင်းက သတ္တိမွေးလိုက်ကာ..

"ကော ဟွိုက်ခွမ်းကောက ကောလာရင် သူဆီ ဝင်ခဲ့ပါတဲ့"

ရိပေါ်က မျက်မှောင်ကုတ်ကြည့်တော့..

"ကျွန်တော် ရလာတဲ့ မှုန်ဝါးဝါး နောက်ကျော
ပုံကို ပြလာတာ အဲ့ထဲက ဟွိုက်ခွမ်းကော တစ်မျိုး ဖြစ်နေတာ"

"ငါသိပြီ သွားလိုက်မယ်"

စစ်ကျွင်း စကား မဆုံးခင် သူ ဖြတ်ပြောလိုက်သည်။ ကျန့်ကောကို စခန်းက အရာရှိ
တွေက သူတို့ မင်္ဂဆောင်မှာ တစ်ခါသာ မြင်
ဖူးသည် ယွီပင်းနဲ့ စစ်ကျွင်း အပါအဝင်ပေါ့
ဒါကြောင့် သူတို့ ချက်ချင်း မသိတာပင်။ ဟွိုက်ခွမ်း ကောက တော့ ရှောင်းကျန့်ကို တန်းသိမှာပင် ပုံ ဒီထက်ဝါးနေရင် ကောင်းမှာလို့
ရိပေါ် တွေးလိုက်မိသည်။ သူဘဲ မှတ်မိအောင်ပေါ့..။

ရိပေါ် တံခါးခေါက်လိုက်တော့...

"ဝင်လာခဲ့"

"ကော"

"ရိပေါ်"

ထိုင်ခုံမှာ ထိုင်ကာ အတွေးလွန်နေတဲ့ ဟွိုက်ခွမ်းက သူကို မြင်တော့ အံအားသင့်သလို
ကြည့်လာသည်။

"ကော ကိစ္စရှိလို့လား"

ဟွိုက်ခွမ်း ခေါင်းငြိမ့်လိုက်ကာ..

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now