Part-30

1K 71 5
                                    

(Unicode)

၂ပတ်ကြာပြီးနောက်....

"ယွီဝမ်ကို ဒီနေ့ အစိုးရဘက် အပ်မှာမလား"

"ဟုတ်ပါတယ် သခင်ကတော် မပူပါနဲ့ ကျွန်တော် အတတ်နိုင်ဆုံး သခင် ဝင်ပါစရာ မလိုအောင် ဆောင်ရွက် လိုက်ပါမယ်"

"အင်း"

အေးစက်စက်နဲ့ ရှေ့ကသွားနေတဲ့ သခင်ကတော်က ဆေးရုံ ဆင်းပြီး နောက်တစ်ယောက် သခင်နဲ့ တူတူ ယွီဝမ်ကို လာကြည့်သေးသည်။ အစက သခင်ကို သူကိုယ်တိုင် ဖြောင်းဖျကာ အစိုးရလက်ထဲ အပ်ဖို့ ပြောနေပေမဲ့ လာကြည့်နေရင်း ယွီဝမ်ရဲ့ ပါးစပ်ကနေ သရမ်းကာ..

"Sean ငါ သေရင် မင်းကို အပါခေါ်သွားမှာ"

ဆိုတဲ့ စကားကြောင့် သခင်ကတော် တက်ခွထိုးပုံက မြင်နေရတဲ့ သူတို့ပင် သွားတွေ ကြိမ်းလာသည်။

ဒေါသအရှိန်ဟုန် ပြင်းကာ ထိုးချက်တွေက မာန် တာကြောင့်ရော အစထဲက သခင်လက်ချက်ကနေ မသေယုံ တမယ် ကယ်တင်ခံထားရတဲ့ ယွီဝမ် ထိုနေရာမှာတင် မေ့မျောသွားတာ လွန်ခဲ့တဲ့ ၂ရက် လောက်ကမှ သတိရသည်။ သခင်ကတော်မှာ ထိုအချိန် ထိ ဒေါသပြေသေးပုံ မပေါ်..။ သတိရပြီဆိုတော့ သတင်းသွားအပို့မှာ အံတကြိတ်ကြိတ်နဲ့
ဖြစ်နေသေးသည်။

နောက်ပိုင်းမှာ ပိုပြီး မလှုပ်နိုင်တော့တဲ့ သခင်အစား သခင်ကတော်ကသာ အစိုးရနဲ့ ပက်သက်သမျှ ရော ယွီဝမ်နဲ့ ပက်သက်တဲ့ အချက်အလက် များကို အကိုလေး ကျိရန်တို့နဲ့ ပှုးပေါင်းကာ သူကိုယ်တိုင် ကိုင် တွယ်သည်။ သခင်ကတော်ရဲ့ လက်ချက်နဲ့ ယွီဝမ် အစိုးရလက်ထဲ ရောက်ချိန်တွေ နေရောင်တောင် မြင်နိုင်ဖို့ လွယ်မည်မဟုတ်ပေ..။

"ငါ ပြင်ဆင်ခိုင်းထားတာရော ပြီးပြီလား"

"ဟုတ်ကဲ့ နောက်၁ရက်ဆို ပြီးပါပြီ စမ်းသပ် ပစ္စည်း အနည်း အကျဥ်းလောက်ဘဲ ကျန်တာပါ ဒါပေမဲ့ အစိုးရဘက်က..."

"ဒါက ငါရှင်းလိုက်မယ် ကျန်တဲ့ သူတွေ ထွက်သွားဖို့ အဆင်သင့်ဘဲလား ဒီနှစ်ရက် အတွင်း ထွက်မှ"

"ကျွန်တော် ပြောထားပြီးပါပြီ အားလုံးက ဒီနေရာကို စွန့်ခွာဖို့ အသင့်ပါဘဲ"

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now