Part-25

1K 67 0
                                    

(Unicode)

မုန့်ယောင် အပြုံးလေး တစ်ပွင့်နဲ့ သူကို ဖက်ကာ ကြိုဆိုလာတဲ့ သူတွေကို နှုတ်ဆက်လိုက်သည်။

"မတွေ့တာ ကြာပြီ ကျဲ"

"ယောင်ယောင်"

လျန်ဟွား ဖက်ကာ သူ့မောင်ငယ်လေးကို ကြိုဆို လိုက်သည်။

"အဲ့လိုကြီး မခေါ်ပါနဲ့ ဆိုဗျာ"

"ဟုတ်ပါပြီကွယ်"

ဟွိုက်ခွမ်းကတော့ အရမ်းရင်းနှီးနေတဲ့ သူတွေကို ကြည့်ကာ ဘာပြောရမှန်း မသိ ကြောင်အနေမိသည်။

သူ့ ဘေဘီက တကယ်ဘဲ ဘာများလဲ..

ရိပေါ် သူ အကို ပခုံးကို ပုတ်လိုက်ကာ...

"ကော မရီးက ဒီနှင်းဆီနက် ဂိုဏ်းရဲ့ တရားဝင် ရှေ့နေဘဲ ဒေါက်တာရွှယ် ရဲ့ မွေးစားသား.."

"ဘယ်လို"

ဟွိုက်ခွမ်း တုန်လှုပ်ကာ မုန့်ယောင်ကို လှမ်းကြည့်မိသည်။ မုန့်ယောင်က သူကို တစ်ချက် လှည့်ကြည့်လာကာ သူအကြည့်ကို ရှောင်ပြီး တစ်ဖက်ကို ပြန်လွှဲသွားသည်။

"မင်း သိတာ ဘယ်လောက်ကြာပြီလဲ"

"မနေ့ကမှ ကျန့်ကော ပြောတာ"

"ဟက် ငါဘဲ ဘာမှမသိတာပေါ့"

"ကော!!"

လှည့်ထွက်သွားတဲ့ ဟွိုက်ခွမ်းကော ကို ကြည့်ကာ ရိပေါ် သက်ပြင်းချလိုက်မိသည်။

"ရိပေါ်"

"ကော"

"ကိုကိုရော"

"လေ့ကျင့်ရေး ကွင်းကို ဆင်းသွားတယ်"

ကျိရန်က အပြုံးတစ်ပွင့်နဲ့ မုန့်ယောင်ကို ဖက်ကာ.

"မင်းနဲ့ ပြန်တွေ့ရတာ ပျော်ပေမဲ့ မင်းရဲ့ လူကတော့ စိတ်ဆိုးသွားပြီ ထင်တယ်"

"အင်း

"ဦးလေးရွှယ်က စမ်းသပ်ခန်းမှာ သွားလိုက်အုံး"

မုန့်ယောင် နှုတ်ခမ်းကို တင်းတင်းစိကာ ခေါင်းငြိမ့်လိုက်ပြီး ထွက်သွားလိုက်သည်။

"ကျိရန်ကော သူ...."

ရိပေါ် အမေးကို ကျိရန် ခေါင်းခါကာ..

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now