Part-15

1K 66 0
                                    

(Unicode)

ဇာတ်လမ်းပါ အကြောင်းအရာများ နေရာ
ဒေသ ဖြစ်ရပ်များသည် မိမိ၏ စိတ်ကူးယဉ်
ဖန်တီးမှုသာ ဖြစ်သည်။
______________________________

ရှောင်းကျန့် မျက်လုံးကို ဖြည်းဖြည်း ချင်း
ဖွင့်လိုက်တော့ သူ ကုတင် ခြေရင်းမှာ ထိုင်
ကာ စကားပြောနေတဲ့ ကျိရန်တို့ကို ဝေဝေ
ဝါးဝါး တွေ့လိုက်ရသည်။

မင်အာက သူ သတိရလာတာ မြင်တာနဲ့ မတ်
တပ်ရပ် နေရင်းကာ သူဆီ ပြေးလာသည်။

"သခင်"

ရှောင်းကျန့် ထူပေးရာက ထလိုက်သည်။သူ
လက်မှာ ဆေးပိုက်က တန်းလန်းနဲ့မို့ သူဖြုတ်
ဖို့ လက်ရွယ်လိုက်တော့..။

"ကျန့်ကျန့်"

ဦးလေးရွှယ် က သူကို တားလာသည်မို့ ရှောင်းကျန့် သက်ပြင်းချကာ..

"အချိန်ဘယ်လောက် ကျန်သေးလဲ"

"ကျန့်ကျန့်"

"ဦးလေးရွှယ် မေ့နေတာလား ကျွန်တော်လည်း ဆရာဝန်ဆိုတာ ကျွန်တော် ခန္ဓာကိုယ်
အခြေနေ ကျွန်တော် သိပါတယ်"

"ရှောင်းကျန့်!!! ထပ်မပြောနဲ့တော့"

"ကျိရန်"

ထအော်တဲ့ ကျိရန်က သူကို ဘယ်လောက်
စိတ်ပူနေလဲ သူသိသည်။ ဘေးက ဟောက်
ရွှမ်းက ကျိရန် ကို ထိန်းထားပေးရင်း သက်
ပြင်းချသည်။

ကျိရန် ဖြူဖျော့နေတဲ့ ရှောင်းကျန့်ကို ကြည့်
ကာ မျက်လုံးတွေ နီရဲလာရင်း ခေါင်းငိုက်
စိုက်ချလိုက်မိသည်။

"ကျဲနဲ့ ကျိုးချန် ဘယ်ချိန် ရောက်မှာလဲ"

"ခဏနေ ရောက်လာလိမ့်မယ်"

"အင်း ဒီတစ်ခေါက်က မင်းတို့ လည်း မျှော်
လင့်ထားတဲ့ ပစ်မှတ် ငါလည်း ဖျက်စီးချင်
တဲ့ ပစ်မှတ် သွေးနီရောင်ဘဲ နယ်မြေ(၁)မှာ
သူတို့ အလုပ်တွေ ကို စုံစမ်းဖို့ လူလွှတ်လိုက်
အစိုးရဘက်က လူတစ်ချို့ ပါလိမ့်မယ် ဘယ်သူတွေ ဆိုတာ သူတို့ ပို့ပေးလိမ့်မယ်
တစ်ချက် စစ်လိုက် စီစဥ်စရာ ရှိတာ လုပ်ပြီး
တာနဲ့ နယ်မြေ(၁)ကို ထွက်မယ်"

"ငါ စီစဥ်လိုက်မယ်"

"အင်း သွေးနီရောင်က အခု သူအလှည့်ဆိုတာ ရိပ်မိမှာ အတတ်နိုင်ဆုံး သတိထားပြီး
လုပ်"

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now