Part-7

1K 73 0
                                    

(Unicode)

ရှောင်းကျန့် သူလက်ကို သူကိုင်ကာ တုန်ရီ
လာသည်။ သူရှေ့မှာ ရှိနေတဲ့ သူတွေနဲ့ ဘေး
မှာ ခြံရံထားတဲ့ သူတွေက သူကို သနားသလို
ကြည့်နေမိသည်။

ထိုထဲက တစ်ယောက်က..

"တကယ်လို့ ခေါင်းဆောင်က.."

ရှောင်းကျန့် ခုံကို လက်နဲ့ ရိုက်လိုက်ကာ..

"ဘယ်သူက မင်းတို့ ခေါင်းဆောင်လဲ ဒီက
ထွက်သွားတော့ မင်းတို့ ဖမ်းမိလိမ့်မယ် မင်း
တို့ကို လိုက်နေတဲ့ သူက ရိပေါ် မင်းတို့ထက်
သူအကြောင်း ငါက ပိုသိတယ် ပြန်တော့"

"ရှောင်းကျန့် မင်း ပြန်လာမှ ဖြစ်မယ် မင်း
မလိုက်ရင် ငါတို့ မရင်ဆိုင်နိုင်ဘူး.."

"ဒီကိစ္စတွေက ဘယ်ကစဖြစ်လာတာလဲ ကျဲက ဘာလုပ်နေတာလဲ.."

"ဦးလေး အစိုးရနဲ့ ပူးပေါင်းမဲ့ အချိန် ကျဲက
ဒီကိစ္စကို တာဝန်မယူနိုင်ဘူး ဒီ ကလေးတွေ
အတွက် ငါတို့ လုပ်ပေးနိုင်တာ မရှိဘူး ရှောင်းကျန့်.."

"ဒီလူသတ်မှုက ငါတို့နဲ့ တစ်နည်း ပက်သက်နေတာဘဲ."

"မင်းနဲ့ မပက်သက်ဘူး မပက်သက်ပါဘူး ရှောင်းကျန့်"

"မပက်သက်ဘူးလား ဟားဟား အခု ဒီလိုစကားကို မင်း ပါးစပ်က ထွက်နေတာလား.."

သူကို ဝိုင်းကြည့်နေတဲ့ လူငယ် လေးယောက်
ကို ဝေ့ကြည့်ကာ ရှောင်းကျန့် ခေါင်းခြောက်
လာသည်။ တကယ်ဘဲ သူ ပြန်လိုက်ရတော့
မှာလား..။ ဒါဆို ရိပေါ်ကို ဘယ်လိုလုပ်ရမလဲ။

"သူ အခြေနေကို ငါတစ်ရက် လိုက်ကြည့်
ပေးမယ်"

"ရှောင်းကျန့်."

ဝမ်းသာအားရ အကြည့်တွေကြောင့်...

ရှောင်းကျန့် သက်ပြင်းချကာ...

"လိုက်ကြည့်ယုံဘဲ ငါ နေဖို့ မနေဖို့ မဆုံးဖြတ်
ချင်ဘူး ငါ မင်းတို့ကို ပြောမယ် ရိပေါ်ကို
လုံးဝ မထိနဲ့ မဟုတ်ရင် မင်းတို့ကို သတ်မဲ့
သူက ဂိုဏ်းကို ဖြိုမဲ့လူက သူတို့ မဟုတ်ဘဲ
ငါဖြစ်သွားမယ်"

"ငါတို့ သိပါတယ်"

ရှောင်းကျန့် ခဏလောက် နေပြီး ထကာ ပြန်
လာလိုက်သည်။ သူ့ခြေလှမ်းများက သူသတိမထားမိခင် နယ်မြေ(၄)ရဲ့ ရဲစခန်းရှေ့ကို ရောက်နေလေပြီ..။

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now