Part-23

1K 72 6
                                    

(Unicode)

ရှောင်းကျန့် ပြတင်းပေါက် အပြင်ကနေ တဖွဲဖွဲ ကျနေတဲ့ နှင်းတွေကို ငေးကြည့်နေမိသည်။ အောက်ဖက်က ကွင်းပြင်မှာ နှင်းတွေကြား လေ့ကျင့်ရေး ဆင်းနေတဲ့ သူလူတွေ။

၄ရက် ၄ရက် ရှိသွားပြီ ရိပေါ် ကို သူ အရိပ်လေးတောင် မမြင်ရတာ ၄ရက်ရှိပြီ။ သူသိတာပေါ့ ဒီကောင်လေးက သူ ပြောတဲ့ စကားအတိုင်း လုပ်တတ်တာ ပေးတဲ့ အခွင့်အရေးကို သူမဆုပ်ကိုင် လိုက်မိတာမို့ ရက်စက်လိုက်တာ ရိပေါ် ရာ လို့ သူမပြောရက်ဘူး။ ဘာလို့ဆို အစထဲက ဒီအမျိုးသားလေး ပေါ် မှာ ရက်စက်ခဲ့တာ သူဖြစ်နေတာလေ။

"သခင်"

အသံအတူ သူ့ ပခုံးပေါ် ကျရောက်လာတဲ့ ကုတ် အကျီ အရှည်နဲ့ မင်အာ...

ရှောင်းကျန့် ကုတ်အကျီ ပေါ်က ရတဲ့ ရင်းနှီးနေတဲ့ ကိုယ်သင်းရနံ ကြောင့် မင်အာကို အမေး မျက်လုံး နဲ့ လှမ်းကြည့်လိုက်မိသည်။

"သခင်ကတော်က ပေးခိုင်းလိုက်တာ သေချာ ပေါက် သူက မပြောပြခိုင်း ပေမဲ့"

"မင်အာ..."

"ရှိပါတယ်"

"ဒီတစ်ခါ ငါ မှားတယ်လို့ ထင်လား"

"သခင်က မုသားကို လိုအပ်လား မှန်ကန်တဲ့ စကားကို လိုအပ်လား"

သူ အကြောင်းကို သိနေသလို မင်အာက မေးလာ တော့ ရှောင်းကျန့် ပြုံးလိုက်မိသည်။

"ဒီတစ်ခါတော့ မှန်ကန်တဲ့ စကား ကို ငါ လိုချင်တယ်"

"ဒါဆို...ဟုတ်ပါတယ် သခင် လုပ်ရက်က များနေပါတယ် သခင် ရွေးချယ်မှု ကလည်း မှားနေပါတယ်"

"....."

"သခင် တစ်ခါလောက်ဘဲ ဖြစ်ဖြစ် သခင်ကတော်ကို မဆွဲထားချင်ဘူးလား"

"ငါ..ဘယ်လိုများ ဆွဲထားနိုင်မှာလဲ သေလူ အနေနဲ့"

"သခင်ရဲ့ အတွေးလေ ဒါက.."

"ဟင်.."

"သခင်ကတော်က အဲ့လိုမတွေးဘူး ထင်တယ် တကယ်လို့ သခင် နောက်ဆုံး သေဖို့ နီးရင်တောင် သူက သခင်ကို လက်လျော့မယ် မထင်ဘူး.."

"....."

"ဖော်မျူလာ ရယူမဲ့ teamထဲ သခင်ကတော် ပါနေတယ်"

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now