Part-12

1K 77 0
                                    

(Unicode)

"ရှောင်းကျန့်!!!!"

ဟိန်းထွက်လာတဲ့ ရိပေါ် ရဲ့ ကွဲအက်အက် အသံ နဲ့ မျက်ရည်တွေ ဝေ့သီကာ နီရဲနေတဲ့
နှာခေါင်းလုံးလုံးလေး။

ရှောင်းကျန့် ဘောင်းဘီ အိတ်ကပ်ထဲ ထည့်
ထားတဲ့ လက်ကို တင်းနေအောင် စုပ်လိုက်
မိသည်။

"ဝမ်ရိပေါ် ဒီမှာ ကွာရှင်းစာချုပ် လက်မှတ်
ထိုးလိုက်"

"မလုပ်နိုင်ဘူး"

"ဘာကြောင့်လဲ အထင်မမှားနဲ့ ရိပေါ် မင်းကို
ဂရုစိုက်ခဲ့တာတွေ ချစ်ခဲ့တာတွေက ကိုယ်ရဲ့
ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးဘဲ ကိုယ်က
မင်းရဲ့ ရန်သူ နှင်းဆီးနက်ဂိုဏ်းရဲ့ ဆက်ခံသူ
ဘဲ"

"မပြောနဲ့ တော်လိုက်တော့!!!"

"ဝမ်ရိပေါ် အိမ်မက်တွေက နိုးထလိုက်စမ်းပါ ဒါက အမှန်တရားဘဲ"

"တော်ပါတော့ ရှောင်းကျန့် ရာ တော်ပါတော့"

ကွဲအက်နေတဲ့ အသံနဲ့ ယူကြုံးမရ ဖြစ်နေတဲ့ ရိပေါ် ကြောင့် သူ စီထားတဲ့ စကားလုံးတွေက လည်ပင်းဝမှာ တစ်ဆို့သွားရသည်။

အံကြိတ်နေတဲ့ ရိပေါ်က ခေါင်းငုတ်နေရင်းမှ
ပြန်မော့လာကာ...

"ခင်ဗျား ထွက်သွားလို့ မရဘူး"

"ဝမ်ရိပေါ် ဝမ်ရိပေါ် ကိုယ်က ရအောင် ထွက်
သွားမှာ ဆိုရင်ရော"

"ဘာလဲ ကျွန်တော် က ခင်ဗျားတိုက်တဲ့ ရေကို သောက်လိုက်တယ် ထင်နေတာလား"

"မင်း..."

"ဟက် ကျွန်တော် ယုန်ဖြူလေး အကြောင်း ကျွန်တော် သိတာပေါ့"

ရှောင်းကျန့် လက်သီး တင်းတင်းစုပ်ကာ..

"ဒါဆိုလည်း အကြမ်းနည်းပေါ့"

ရိပေါ် သူနောက်က ရုတ်တရက် ထွက်လာတဲ့
လူကြောင့် အနောက်ကို ယို့ကာ ရှောင်လိုက်
သည်။

ရိပေါ် တစ်ကိုယ်လုံး အနက်ရောင် နဲ့ ပြည့်နေတဲ့ လူကို အကဲခတ်ကာ...

"နိုင်မယ် ထင်လား"

ရှောင်းကျန့် သူရှေ့က တိုက်ပွဲကို ကြည့်ကာ
တစ်ကိုယ်လုံး တုန်ယင်လာသည်။ တစ်ဖြည်း
ဖြည်း ရှုံးနှိမ့်လာတဲ့ ကျိုးချန်ကြောင့် ရိပေါ်
အကန် မခံရခင် တိုက်ပွဲထဲ သူဝင်လိုက်ကာ
ကျိုးချန်ကို ဖယ်ထုတ် လိုက်သည်။ အားအပြည့်နဲ့ တိုက်ခိုက်နေတဲ့ ရိပေါ်က သူဝင်လာ
ချိန်မှာ အားလျော့သွားသည်။ ရှောင်းကျန့်
ထို အခြေနေကို အခွင့်ကောင်းယူကာ ကျိုး
ချန်ဆီက ဆေးထိုးအပ်ကို ယူလိုက်ပြီး ရိပေါ် လည်ပင်းကို တည့်တည့် ထိုးစိုက်လိုက်သည်။

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now