Part-4

1.2K 86 2
                                    

(Unicode)

ဇာတ်လမ်းပါ အကြောင်းအရာ များသည်
မိမိ၏ စိတ်ကူးယဉ် ဖန်တီးမှုသာ ဖြစ်သည်။
_______________________________________

နယ်မြေ(၄) မှုးယစ်ဆေးဝါး တိုက်ဖျက်ရေး
ဌာန...

"ဒါဆို သူတို့ အဖွဲ့က မလှုပ်ရှားတာ ကြာပြီ
ပေါ့"

ဟွိုက်ခွမ်းကော အမေးကို ရိပေါ် ခေါင်းငြိမ့်
ပြကာ..

"ဟုတ်တယ် ကော သူတို့ မလှုပ်ရှားတာ အရမ်းကြာနေပြီ"

"သူတို့ မလှုပ်ရှားတာ ကြာပြီဆိုပေမဲ့ ငါတို့
မသိတဲ့ ကိစ္စ တွေ ရှိမှာဘဲ"

"အင်း ဒါကြောင့် လုံရှီး နဲ့ ပက်သက်သူတွေ
နောက် ကျွန်တော် လူတွေ လွှတ်ထားတယ်
ကော သတင်းတစ်ခုခုတော့ သိရမယ် ထင်တယ်"

"ကောင်းပြီ နှင်းဆီနက်ဂိုဏ်း ဒီသတင်းသာ
အပြင် ထွက်သွားရင် ပြသာနာတွေ တက်လိမ့်မယ် သတင်းထောက်တွေကို တားထားလိုက်"

"ဟုတ်ကဲ့ကော"

"ဒါနဲ့ မင်းကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုဘဲ ရှောင်းကျန့် ကြောင့်လား"

"ကျန့်ကောက ဒီအမှုကို လက်ရှောင်ခိုင်းနေတာ"

ဟွိုက်ခွမ်း ခေါင်းငြိမ့်လိုက်သည်။ရှောင်းကျန့် အနေနဲ့ ရိပေါ်ကို စိုးရိမ်မှာပင် နှင်းဆီနက်
ဂိုဏ်း သွားမစသင့်တဲ့ အရာတစ်ခု..။

"သူတွေးတာလဲ မှန်ပါတယ် မုန့်ယောင်လည်း
ငါကို ဒီအမှုက ရှောင်ခိုင်းနေတာ"

ရိပေါ်နဲ့ ဟွိုက်ခွမ်း ကြင်သူတွေကို စဥ်းစား
မိတော့ ပြိုင်တူ သက်ပြင်းချလိုက်မိသည်။
ပြီးမှ နှစ်ယောက်သား တစ်ယောက်နဲ့ တစ်
ယောက် ကြည့်ကာ ရီလိုက်မိသည်။

"ငါတို့လည်းနော်.."

"ဟုတ်ပဗျာ"

ရုတ်တရက် အခန်းထဲ ပြေးဝင်လာတဲ့ စစ်ကျွင်း က သူတို့ကို အလေးပြုကာ...

"ဆရာတို့ လုံရှီးရဲ့ ညီအကိုထဲက တစ်ယောက်ရဲ့ တည်နေရာကို သိထားတယ် ဒါပေမဲ့.."

"ဒါပေမဲ့ ဘာဖြစ်လဲ"

ရိပေါ်က စကားဝင်ထောက် လိုက်တော့...

ပျယ်လွင့်မသွားမဲ့ ဤချစ်ခြင်း {Complete}Where stories live. Discover now