EP1(U+Z)

7.8K 614 2
                                    

.Uni

နိုဝင်ဘာ လ၊ ပေကျင်းမြို့၊

''နင်ငါ့ကိုဘာကတိပေးခဲ့လဲ? နှစ်အနည်းငယ်ကြာပြီးတဲ့နောက် အိမ်တလုံးဝယ်လို့ရမယ်လို့ ကတိပေးခဲ့တယ် မလား ? ကားဝယ်ဖို့လား ?
ငါကနင့်ရဲ့အိုမင်းနေတဲ့ နင့်အမေရဲ့
စုတ်ပြတ်သတ်နေတဲ့နေရာကိုငါကလိုက်နေရမှာလား ၊နင့်ရဲ့ သူငယ်ချင်းတွေနဲ့
အတန်းဖော်တွေတောင်အားလုံးအောင်မြင်နေကြပြီ ၊နင်ကျတော့ရော ...ဘာလဲ ?
နင့်ကိုယ်နင်ပြန်ကြည့်စမ်းပါ ...
နင်ယောကျ်ားတောင်ဟုတ်သေးရဲ့လား ?..''

ရှောင်ရီ လမ်းလျှောက်နေစဥ်မှာဘဲ အပြောအဆိုတွေခံနေရတယ်။
သူ့လက်ကဘောင်းဘီအိတ်ကပ်ထဲတွင်ထည့်ထားလျက်ပါးစပ်မှာစီးကရက်ကိုကိုက်ထားတယ်။ခဏမျှအကြာသူ့ရဲ့ ချစ်သူကောင်မလေးကသူနဲ့အတူလျှောက်လာရင်း
သူနောက်မှာရပ်ကျန်ခဲ့တယ်။ဒါပေမယ့်
ရှောင်ရီ လုံးဝတောင်သတိမပြုမိဘူး။
ဆက်သွားမြဲသွားနေတယ်။

''ကိုယ်စိတ်မကောင်းပါဘူး ''

ရှောင်ရီစီးကရက်ကိုလွင့်ပစ်လိုက်ပြီး
တုံ့ဆိုင်းစွာပြောလိုက်တယ်။

''ဟန်နီ ...ကိုယ်ဆက်ပြီးအသက်ရှင်ချင်တယ်
ကိုယ်အခုအသက်ရှင်ရတာမင်းကိုယ့်ကိုပေးတဲ့ဖိအားတွေကြောင့်ပိုပိုပြီးပင်ပန်းလာတယ်''

ရှောင်ရီပြောပြီးဘေးကိုလှည့်ကြည့်လိုက်တံ့အခါ ဘယ်သူမှမရှိတော့ဘူး ၊သွားပြီ .
သူချစ်သူကောင်မလေးက ထွက်သွားပြီဖြစ်တယ်။

သူ့ဖုန်းဆီသို့ မက်ဆေ့ဝင်လာတဲ့အသံလေးမြည်လာခဲ့တယ်။
သတိပေးချက်ကိုကြည့်လိုက်တော့
ချစ်သူကောင်မလေး ထံမှ ဖြစ်တယ်။

''ရှောင်ရီ ...လမ်းခွဲကြရအောင် !''

ထို့နောက်သူဖုန်းမြည်လာတာမို့ ရှောင်ရီဖုန်းကို ဖြေးဖြေးချင်းကိုင်လိုက်တယ်။ဒီဖုန်းကတော့ သူ့အိမ်ကခေါ်လာတာ ဖြစ်တယ်။

''ရှောင်ရီ ''

သူ့ရဲ့မိခင်ကတဖက်မှပြောလာတယ်။

''မင်းဘာလို့ဖုန်းမကိုင်တာလဲ?
မင်းငါတို့ဆီ ဘယ်တော့ပြန်လာမှာလဲ ?'@

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now