EP40(U&Z)

2.2K 272 2
                                    

.[ U ]

ရေချိုးပြီးနောက် လုကျိုး bathrobeဝတ်ပြီး ရေခဲ ရေသောက်လိုက်တယ်။

ရှောင်ရီ : "ကောက လုံးဝပုံမှန်ပါပဲ"

လုကျိုး : " ကိုယ်က နဂိုကတည်းက ပုံမှန်ပဲ...
မင်းရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးပါ"

ရှောင်ရီ : "....."

ရှောင်ရီ စိတ်ထဲကနေရယ်လိုက်မိတယ်။
လုကျိုးနဲ့ သူ ခုတင်ပေါ်တွင်လဲလျောင်း
နေပြီးလုကျိုးက ဘာမှမဖြစ်ခဲ့သလို
တီဗွီကြည့်နေတယ်။ သူကတော့ လက်ရှိအခြေအနေကို အလျင်အမြန် ပြန်လည်ထိန်းချုပ်လိုက်ပေမဲ့ရှောင်ရီ ကတော့
အရမ်းပျော်နေတာမို့ လူးလိမ့်နေတယ်။

ဘာကြောင့်ရယ်မသိ ခုချိန်တွင်ရှောင်ရီ့ ရဲ့
တစ်ခုတည်းသောအတွေးက လုကျိုး နှင့်
ပွေ့ဖက်နေဖို့မဟုတ်ဘဲ တစ်စုံတစ်ယောက်
ကို ရှာဖွေကာ ပြောပြချင်နေခြင်းပင်။

ဟားးးးးး!.ငါက နတ်ဘုရားနဲ့ လုပ်ပြီးပြီ!
ဝိုးးးးးး! ဟားးးး ငါကအခု နတ်ဘုရားနဲ့
ပတ်သက်မှု တစ်ခုရှိနေပြီ! ငါတို့ အဲ့ဒါကို
လုပ်ပြီးပြီ! ပတ်သက်မှု တစ်ခုဖြစ်ပြီ!
ဝိုးးးး အားးးးးး!!!!

ရှောင်ရီ တစ်ယောက် ထိုသတင်းအား
ထျန်းယပေါ် အပြေးအလွှားသွားတင်
ပြီး အော်ဟစ်ချင်မိတယ်၊

မင်းတို့ရဲ့ နတ်ဘုရားက ငါ့အပိုင်ကွ!

လုကျိုးရဲ့ ခေါင်းပေါ်တွင် ရှောင်ရီ၏ပိုင်ဆိုင်မှု ဟူသော စာတန်းလေးထားနိုင်မယ် သို့မဟုတ်လုကျိုးဘေးနားလဲလျောင်းကာ
ဓာတ်ပုံရိုက်ပြီး ထိုဓာတ်ပုံကိုပင် Weibo
တွင် ပိုစ့်တင်ချင်မိတယ်။

သေချာတာပေါ့..ဒါတော့ မဖြစ်နိုင်ဘူးလေ။
အတိုချုံးပြောရမယ်ဆို, မီးတွေပိတ်ပြီး
အိပ်ဖို့ပြင်တဲ့အထိရှောင်ရီ စိတ်နဲ့လူမကပ်သေးဘူး၊အိပ်မက်မက်နေတုန်းပဲလို့ ရှောင်ရီ
ခံစားမိနေဆဲ။ မမျှော်လင့်ဘဲသူလုကျိုးနဲ့
တကယ်ကြီး အိပ်လိုက်ရတယ်, အခုဆို
သူတို့ ချစ်သူတွေဖြစ်နေကြပြီ,
ကမ္ဘာကြီးကတကယ့်ကို အံ့သြစရာပဲ။

နောက်တနေ့တွင် ရှောင်ရီ လုကျိုးရဲ့ထွေးပွေ့မှုနှင့်အတူ နိုးလာခဲ့တယ်။သူတို့နှစ်ယောက်
ခဏမျှနမ်းလိုက်ကြပြီး ထိုအရာကိုမနက်ခင်းမှာပဲနောက်တကြိမ် ထပ်လုပ်မိကြတယ်။
ဒီတကြိမ်မှာတော့ ရှောင်ရီလုံးဝနိုးကြားနေပြီ၊
လုကျိုးက အချိန်အတော်ကြာဖိနှိပ်ခဲ့ရပြီးရှောင်ရီ နဲ့မှခံစားမှုအပြည့်အဝအားရခဲ့ခြင်းဖြစ်လောက်တယ်။ နောက်ရက်အနည်းငယ်တွင်, ရှောင်ရီလည်း လုကျိုးနဲ့ လုပ်ရခြင်း
ကို နှစ်သက်လာတယ်။ လုကျိုးကခွေးရိုင်း
တစ်ကောင်ဖြစ်လုနီးနီးပင်,သူလုပ်ချင်
စိတ်ရှိတိုင်းလုပ်နေတော့တယ်။ နေ့လည်ဘက် မြေအောက်ထပ်အားကစားခန်းတွင်
လုကျိုးပြေးပြီးတဲ့နောက်အပေါ်တက်လာတယ်၊အပေါ်မှာပဲရှောင်ရီနှင့်ကာမဆက်ဆံမှုထပ်လုပ်ပြီးနောက် ရေသွားချိုးလေတယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now