EP9(U&Z)

2.1K 326 4
                                    

..Uni

ရှောင်ရီ လုကျိုးကို တချက်ကြည့်လိုက််
တယ်၊ဒူမိုင်နဲ့လုကျိုး အချိန်ခဏမျှဖုန်းပြောနေကြတယ်၊ယခုချိန်ထိ ကျန်းရှီးရမ်
တစ်ယောက် စတူဒီယိုကို မလာခဲ့တာမို့
သူမနှင့် လုကျိုး တို့ရဲ့ချစ်ခြင်းမေတ္တာ
ကစားပွဲကို ငြီးငွေ့သွားခြင်း ဖြစ်နိုင်လောက်တယ်။ဒူမိုင်က လုကျိုး ကို သူမအား တောင်းပန်လိုက်ပါလို့ ပြောလာတဲ့အခါ ,
လုကျိုးဒေါသတကြီး ဖြင့်ထအော်လာခဲ့ပြီးနောက်ဆက်တွဲရလာဒ်ကတော့ လုကျိုး
လက်ထဲမှအပြစ်မရှိတဲ့ဖုန်းလေးခမျာသူ့သခင်ရဲ့ ခပ်ဝေးဝေးသို့လွှင့်ပစ်ခြင်းကို
ခံလိုက်ရတယ်။

ရှောင်ရီ ပြောလိုက်မိတယ်။

"ကျိုးကော , ကျိုးကောတို့တစ်ယောက်နဲ့ တစ်ယောက် ချစ်ခဲ့ကြပြီးမှ ဘာလို့
အသေးအမွှားပြသနာလေးလောက်ကို
စိတ်ရှုပ်ခံနေရတာလဲ ?"

"ငါတို့ လုံးဝ မချစ်ခဲ့ ကြဘူး ! "

လုကျိုး ခံစားချက်ပြင်းစွာဖြင့် ထအော်လာခဲ့သည်။

ရှောင်ရီ ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး , လုကျိုးဒေါသ တွေထွက်ပြီး
ထိုင်နေတဲ့အချိိန် သူ့အတွက် အနွေးအိတ်ကလေးရင်ဘတ်ရှေ့နားဆီသို့ ထည့်ပေး
လိုက်တယ်၊ဒါပေမယ့် လုကျိုးက အဝေးဘက်ဆီသို့ ပစ်လိုက်တယ်။

"နားငြီးအောင်မလုပ်စမ်းပါနဲ့ "

လုကျိုးပြောလာတယ်။

"ဒါကစိတ်အနှောင့်အယှက်ဖြစ်စေတယ်,
ငါ အရင်ဘဝက ဘယ်လောက်တောင်
ဆိုးဝါးတဲ့အပြစ်တွေ ကျုးလွန်မိလည်း
မသိဘူး ၊ဒီဘဝမှာ ခုလို Idol တစ်ယောက်
လာဖြစ်နေရတယ်"

လက်ရှိအနေအထားတွင်, လုကျိုးရဲ့ နောက်ဆုံးသော စိတ်ပျက်ငြီးငွေ့နေခြင်းအား လှုပ်နိုးမိလိမ့်မယ်လို့ရှောင်ရီမမျှော်လင့်မိခဲ့။
အကယ်၍များ သူ့ဘေးတွင် လူတစ်ယောက်ရှိနေချိန် ထိုကဲ့သို့သာမှားယွင်းပြီးပြောဆိုမိပါက ,သူ့အားလူတိုင်းက ပြစ်တင်ပြောဆိုကြ
လိမ့်မည်ပင်ဖြစ်သည်၊လုကျိုးက ဒေါသထွက်လွယ်ပြီး ပြေလွယ်သူလည်း ဖြစ်သည်။
လူတစ်ယောက်ကိုလည်းအချိန်အကြာကြီး
လုကျိုးဘယ်တော့မှ ပြောဆိုမနေတတ်ဘူး။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now