EP17(U&Z)

1.8K 299 12
                                    

..[ U ]

လုကျိုးသည်လည်း ရှောင်ရီ သွားသည့်နောက်သို့ မရှေးမနှောင်းမှာပဲလိုက်ခဲ့လိုက်တယ်၊

ရှောင်ရီ က,

"ဟယ်လို...ကျွန်တော်က ရှောင်ရီပါ"

လုကျိုးကလည်း,

"ဟယ်လို , ငါကမစ္စတာရှောင်ရဲ့ လက်ထောက်ပါ"

ရှောင်ရီ ;"........."

ရှောင်ရီက လုကျိုးကိုကြည့်လာတဲ့အခါ
လုကျိုးက ရှောင်ရီအား ထောင့်ဘက်သို့ညွန်ပြပြီးဘေးဖယ်ခိုင်းလိုက်တယ်၊ထို့နောက်
သူက ရှေ့သို့တိုးပြီး ပြောလာတယ်။

"ကျွန်တော့် အကြီးအကဲက သူ့ အမျိုးသမီးကို တွေ့ဖို့လာတာ, ကျွန်တော်အဲ့ဒါလေး
မေးချင်တာ...မင်း ရည်းစားနာမည်
ဘယ်သူလဲ ?"

ရှောင်ရီက သူ့ရည်းစားနာမည်ကို ပြောလာတယ်၊

'သူက အလုပ်ထွက်သွားပြီ"

ဧည့်ကောင်တာမှ အမျိုးသမီးငယ်က သူ့ကို ပြောလာတယ်။

"ကျမရှင့်ကို မှတ်မိတယ် ! ကျမတို့ကုမ္ပဏီရဲ့
နှစ်ကုန်ပိုင်းပါတီပွဲမှာသီချင်းလာဆိုသေးတယ်လေ ! ရှင်သီချင်းဆိုတာအရမ်း
ကောင်းတယ်!"

'အာ? '

ရှောင်ရီ ချက်ခြင်းပင် အံ့အားသင့်သွားတယ်၊

'သူကဘယ်ချိန်ထဲကအလုပ်ထွက်သွား
တာလဲ ?"

ဧည့်ကောင်တာ မှအမျိုးသမီးငယ်မှ ပြောလာတယ်၊

'သူထွက်သွားတာ သုံးလလောက်ရှိပြီ!"

ရှောင်ရီ :"......."

"ဟေး!."

လုကျိုး က တအံ့ တသြဖြင့်ပြောလာတယ်၊

'မစ္စတာရှောင်, မင်း အမျိုးသမီးက အလုပ်ထွက်သွားတာလား ? ငါတို့ အခု အဲ့လိုဆို
ဘာဆက်လုပ်ကြမလဲ ?"

ဧည့်ကောင်တာမှအမျိုးသမီးငယ်:"......"

"အာ...ဘယ်လို ဖြစ်သွားတာလဲ ?
သူက ဘာလို့ထွက်သွားရတာလဲ .."

ရှောင်ရီ အနည်းငယ်အံ့သြနေရာမှ
လုကျိုးသည်လည်း ရှောင်ရီ ကြောင့်
သေမတတ် ဒေါသတွေထွက်လာတယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now