EP4(U&Z)

2.8K 421 34
                                    

..Uni

သူတို့အိမ်ပြန်ရောက်ရောက်ခြင်းမှာဘဲ , ရှောင်ရီကဒူမိုင်ဆီသို့ချက်ခြင်းပင်
ဖုန်းလှမ်းဆက်ခဲ့သည်။

"ဘာတွေဖြစ်တာလဲ ?' ဒူမိုင်မေးလာသည်။

"မင်းကို ဘယ်သူကပြောခွင့်ပြုလို့လဲ ?''

လုကျိုးအော်သံကဟိန်းထွက်လာပြီးနောက်
ဆိုဖာကနေ ခုန်ချလာပြီးရှောင်ရီရဲ့ကော်လာအား ဆွဲကိုင်လိုက်သည်။

လုကျိုးအော်ဟစ်လာသည်။

"ဘာတွေဖြစ်ခဲ့လဲဆိုတာတွေကို ပြောဖို့
မင်းကိုဘယ်သူကခွင့်ပြုလိုက်လို့လဲ ...ဟမ် ''

"ကျွန်တော် ဘာမှမပြောပါဘူး ''

ရှောင်ရီ ပြောလိုက်သည်။

"အိမ်အပြန်လမ်းမှာလဲကျွန်တော်
ဖုန်းမခေါ် ....ဥက္ကဋ္ဌ ဒူ.....ကျိုးကော ''

"စပီကာဖွင့်လိုက်စမ်း ''ဒူမိုင်ပြောလာသည်။

ရှောင်ရီ စပီကာဖွင့်လိုက်သည်။
ဒူမိုင်ဆက်ပြောလာသည်။

"လုကျိုး , ကျန်းရှီရမ့်ဒီနေ့စိတ်အခြေအနေမကောင်းဘူး , ချီချွမ်းကလည်းမင်းကိုတောင်း
ပန်ချင်နေတယ်၊မနက်ဖြန်ကျမှငါတို့
ဒီကိစ္စကိုဆွေးနွေးကြမယ် , ခုတော့မင်းကောင်းကောင်းအနားယူလိုက်ဦး "

ပြောပြီးနောက်ဒူမိုင်ဖုန်းချသွားခဲ့သည်။

လုကျိုးအလွန်အမင်းဒေါသတွေထွက်နေသည်။သိူ့သော် , သူ၏ဒေါသတို့အား
အကုန်အစင်ပေါက်ကွဲပစ်ဖို့ရာသူ့တွင်နည်းလမ်းတစ်ခုမျှတောင်ရှိမနေဘူးပင်ဖြစ်သည်။
ကျန်းရှီရမ့်ရဲ့ယောကျ်ားမပီသသူနှင့်
ပန်းသေနေသူဟုအော်ဟစ်နေသည့်အသံများက ရှောင်ရီရဲ့ခေါင်းထဲသို့ မိုးကြိုးပစ်ချသံများကဲ့သို့ပင်ပဲ့တင်ထပ်လျက်ရှိနေခဲ့သည်။ကျန်းရှီရမ့်ရဲ့ကြောက်မက်ဖွယ်ရာအပြောအဆိုအပြုအမူ နှင့်လုကျိုးရဲ့ ပေါက်ကွဲနေသည့်ပုံရိပ်တို့အားပေါင်းထည့်လိုက်တဲ့အခါထိုရွေစုံတွဲကဘာမှကိုပင်အဖတ်ဆယ်စရာမကျန်ရစ်တော့သည်အထိ ပြိုကွဲသွားခဲ့ရပြီပင်ဖြစ်သည်။

လုကျိုးက သူ့အနီးအနားကို ကြည့်လိုက်ပြီး
အနီးတွင်ရှိနေသောခေါင်းအုံးအချို့အား
အဝေးသို့ပစ်ထုတ်လိုက်သည်။အိပ်ရာပေါ်တွင် အသက်ပြင်းပြင်းရှုလျက်ထိုင်ချလိုက်ပြီး
နောက် ဝိုင်တစ်ခွက်အားသူ့ဘာသာပင်
ထည့်လိုက်ပြီး တစ်ခွက်လုံးအားတကျိုက်
ထဲပင် မော့ချလိုက်သည်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now