EP23.4&23.5(U&Z)

1.5K 274 3
                                    

..[ U ]

" တခါတလေ ငါ စိတ်အေးလက်အေးလေးနဲ့ အိပ်ချင်ပြီ"

"ငါ့မျက်လုံးတွေပိတ်ရမှာကြောက်တယ်,
ငါ့ကြောင့် မရေမတွက်နိုင်အောင်သေဆုံး သွားခဲ့တဲ့လူတွေကိုငါမြင်နေရတယ်,
ငါ့ကို သစ္စာဖောက်လို့ကျိန်ဆဲနေကြတယ်.."

" ...ဒါပေမဲ့ မင်းအတွက်ဆို ငါက လက်ညိုးပေါင်း တစ်ထောင်ကိုလည်း ရင်ဆိုင်ရဲတယ်"

လုကျိုး သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး အပြုံးချိုချိုတို့ရှိနေတဲ့သူ့ နှုတ်ခမ်းထောင့်လေးက စိတ်အားငယ်မှုနှင့်အတူ
ချောမောတဲ့ မျက်နှာသွင်ပြင်ကိုလှစ်ဟ လျက် နေရောင်အောက်၌ မျက်နှာသွင်ပြင် နှစ်ခုအလား ဖြစ်တည်နေတယ်၊ဒူးထောက်လျက်ရှိနေတဲ့ခြေထောက်နှစ်ဖက်ပေါ်၌
လက်အိတ်စွပ်ထားတဲ့လက်နှစ်ဖက်ကို
တင်ထားလျက်ရှိနေရာမှ စမ်းချောင်းအနီး
ရှိမြက်ပင်ငယ်လေးတွေကိုနုတ်ယူလိုက်တယ်။

ကင်မရာက သူ့လက်အနီးဆီသို့ရွေ့လျားသွားတယ်။

"ဒါပေမဲ့လည်း...ငါနောင်တမရဘူး"

လုကျိုး ဆွေးဆွေး မြေ့မြေ့နှင့် ပြောလာပြီး
သူ့နှုတ်ခမ်းတွေကိုလက်ချောင်းလေးတွေနဲ့
ဖိကပ်လိုက်တယ်။

"အရမ်း ကောင်းတယ်"

ဒါရိုက်ကော် ပြောလာတယ်,

"ဒီနေ့ ဒီလောက်ပဲ သွားထားမယ်"

လုကျိုး ချက်ခြင်း ထရပ်လိုက်တယ်၊ဒါရိုက်ကော်ကိုလက်ဆွဲနှုတ်ဆက်ပြီးနောက်သူ့ကို လာခေါ်တဲ့လူတွေကိုစကားမပြောတော့ဘဲ
အဝတ်လဲရန်ကိုသာဦးတည်နေတယ်၊ထို့နောက်ကားထဲသို့ဝင်လာချိန် ရှောင်ရီက
နောက်ရှုတင်တစ်ခုဆီ မောင်းဖို့ပြင်တယ်၊
ရလာဒ်ကတော့သူတို့လမ်းမှာကားထပ်ပိတ်ပြန်တယ်။

ရှောင်ရီ :"....."

လုကျိုး :"...."

လုကျိုး ညွှန်ကြားတာကိုမစောင့်တော့ဘဲ
ရှောင်ရီကတဖက်ရှုတင်မှ ဒါရိုက်တာထံ
ချက်ခြင်း ဖုန်းခေါ်လိုက်တယ်၊တဖက်ကလည်း, "စိတ်မပူနဲ့ ,ကျွန်တော်တို့လည်း
လမ်းမှာကားပိတ်နေလို့, အကယ်၍ ခင်ဗျားတို့ရောက်ရင်လည်း ခဏနားနေ"ဟုပြောလာတယ်၊ရှောင်ရီတစ်ယောက် ဟက်ဟက်
ပက်ပက်ပင်ရယ်မောလိုက်မိတယ်၊လုကျိုးကတော့ ဒီအချိန်လေးကို အခွင့်ကောင်းယူပြီး နောက်ခုံတွင်တရေးတမော အိပ်လေတယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now