EP26.1(U&Z)

1.5K 295 12
                                    

.[ U ]

" လီချန်းကျန်းလည်း ခုထိရည်းစားမရှိဘူးလေ,သူ့ကိုလည်း ဂေးလို့ ပြောနေကြတာပဲ"

ရှောင်ရီ ပြောလိုက်တယ်။ထိုအခါ လုကျိုးက,

"ဂေး ဆိုတဲ့ကောလဟာလကြောင့်မဟုတ်ရင်
သူက ဒီထက်ပိုပြီး အောင်မြင်မှာ, ဖျော်ဖြေရေး အသိုင်းအဝိုင်း နယ်ပယ်က လိင်တူ ချစ်သူ တွေကို ခုထိ အတော်များများ
ဖယ်ကျဥ် နေကြတုန်းပဲ, နားလည်လား?'

"အင်း..."

" လီချန်းကျန်း အကြောင်းငါပြောလို့ မင်း
စိတ်ထဲ အဆင်မပြေလည်း မတတ်နိုင်ဘူး၊
အမှန်တရားကတော့ အမှန်တရားပဲ၊ သူက
သူ့ အသိုင်းအဝိုင်းမှာ တဝက်လောက်ထိ
Came outလုပ်ပြီးနေပြီ၊အစကတည်းက
လုပ်ငန်းခွင်ထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် ,
ယောကျ်ား၊မိန်းမ ဘယ်လိုတွဲတွဲဘယ်သူမှ ဂရုမစိုက်ကြဘူး၊ဒါပေမဲ့ come out လုပ်လိုက်ပြီဆိုရင်တော့ ဇာတ်ညွန်းကောင်း
ရဖို့ ခက်သွားပြီ၊ ဘယ်ဒါရိုက်တာကမှသူ့ကို
မငှားချင်သလို ထုတ်လုပ်သူတွေကလည်း
ယောကျ်ားပီပီသသသရုပ်မဆောင်နိုင်ဘူးလို့
တွေးမိကြတယ်၊ အဲ့ဒီကနေသူ့ကိုဘယ်သူ
ကမှ သိပ်မရှာကြတော့ဘူး"

"ဒါကို ကျွန်တော်သိတယ်"

ရှောင်ရီ ခေါင်းလေး ညိတ်ပြလိုက်တယ်၊

" မိုင်ဖုလုပ်တာက နာမည်ကြီးနိုင်တယ်, ဒါပေမဲ့ လိင်တူ ချစ်သူ ဖြစ်ကြောင်း ဝန်ခံမယ်ဆိုရင် အနာဂတ်ကြီး ပျက်စီးသွားမှာ"

"မင်းသိရင်ပြီးတာပဲ"

" ဒါပေမဲ့ ကျွန်တော်တို့က ချိန်းတွေ့တဲ့ကိစ္စကို ပြောနေတာမလား? ဘယ်လိုဖြစ်ပြီး come outလုပ်တဲ့ ခေါင်းစဥ်ဆီရောက်သွားတာလဲ?"

လုကျိုး :"......"

ရှောင်ရီ ဆက်ပြောတယ်,

" ဒါဆို ကောအခု ဘာလုပ်မလဲ? ကျွန်တော့်
ညီမဝမ်းကွဲလေးနဲ့ ဒိတ်ချင်လား?"

ရှောင်ရီ စကားတစ်ခွန်းက သူ့ကို ပျော်ရွှင်စေတာမို့ လုကျိုး အားပါးတရ ရယ်မောမိတယ်၊
သူတို့နှစ်ယောက် ရှောင်ရီ့ အိမ်သို့ သွားခဲ့တာကို ပြန်သတိရမိတယ်၊ ပါပါးရှောင်ကတောင်
လုကျိုးကို blind dateလုပ်ဖို့ စတင် စကားဦး
သမ်းခဲ့သေးတယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Место, где живут истории. Откройте их для себя