EP10(U&Z)

2.1K 321 16
                                    

.Uni

လွန်ခဲ့သော တလကတော့ ဒီလိုအချိန်,
သူ့ ဆံပင်တွေဖရိုဖရဲဖြင့်စိတ်ပင်ပန်းမှုများစွာနဲ့အတူ အိမ်မှာသာရှိနေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်
သတ်သေချင်လောက်တဲ့အထိ ရူးရူးမိုက်မိုက် တွေးနေခဲ့မိတယ်။

ဘာတစ်ခုမှကောင်းမွန်မှုမရှိတဲ့ပါမွှားတစ်ယောက်လိုတနေ့တနေ့ ရုံးမှာသာထိုင်နေခဲ့
ရပြီး အထက်လူကြီးရဲ့ အပြောအဆိုအား
နေ့စဥ်နဲ့အမျှ ခံနေရလျက် တံတွေးခွက်ထဲ
ပက်လက်မျောနေခဲ့ရတယ်။ ယခုတော့မူ
သူက သက်ရှိနတ်ဘုရား လုကျိုးနဲ့ အတူ
ကားတွန်းနေရပြီး နေ့စဥ်နဲ့ အမျှထိုသူရဲ့
ဆူပူမှုကိုခံနေရပေမယ့် ပျော်ရွှင်မှုကတော့
နှိုင်းယှဥ်လို့မရအောင် ကွာခြားနေခဲ့တယ်။

"သူ ဒီအလုပ်လေးကို အရမ်းချစ်တယ်'
လို့ ရှောင်ရီ တွေးလိုက်မိတယ်။

'ကျေးဇူးတင်ပါတယ် ကျိုးကော"

ရှောင်ရီလုကျိုးဘက်လှည့်ပြီးပြောလိုက်ရင်း ကားတွန်းရန်အတွက်အစွမ်းကုန်
အားအင်များကို ထုတ်လိုက်တယ်။လုကျိုး
အရမ်းဒေါသထွက်နေပြီး သူလည်းဘဲ
ကားကို တွန်းတင်ရန် ရှိသမျှအားအင်တွေကို အသုံးပြုနေခဲ့ရတယ်၊သူတို့နှစ်ယောက်ရဲ့
စုပေါင်းအားအင်ကြောင့်ကားကရွံ့ထဲတွင်
နှစ်နေရာမှအပေါ်ဘက်သို့ ရောက်အောင် ရွေ့လျား သွားခဲ့တယ်။

"ရပ်တော့ , ရပ်......ရပ်"

လုကျိုး ထိတ်လန့်စွာဖြင့် ရှိနေလျက်

"ငါတို့ ထပ်ပြီးတွန်းလိုက်ရင် ဒီကား တောင်အောက်ကို လိမ့်ဆင်းသွားလိမ့်မယ်"

သူတို့နှစ်ယောက်လုံး မောပန်းနေကြပြီး
တောင်ကုန်းပေါ်မှဆင်ခြေလျှောတစ်လျှောက်ကားအား ခက်ခဲစွာပင်ထိန်းမောင်းလာခဲ့ပြီးနောက် တောင်ခြေဆီသို့ ရောက်လာခဲ့ကြတယ်၊လုကျိုး ကရေချိုးရန် သွားခဲ့ပြီး ရှောင်ရီကတော့မိုးရေနဲ့ ချွေးများရောနှောနေလျက် သူ့ အကျီများ စိုစွတ်နေ
သည့်တိုင် ချက်ပြုတ်ရန် အလျင်စလို ပြင်ဆင်ပြီးမှသာသူ့အခန်းကို ပြန်ပြီးရေချိုး လိုက်ရတယ်။

ရိုက်ကူးရေးအဖွဲ့သားတွေတောင် ဟိုတယ်ကို ပြန်ရောက်လာကြပြီ။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now