EP3(U)

3.6K 417 24
                                    

..Uni

မန်နေဂျာတစ်ယောက်ဖြစ်ပါစေ ၊ကျော်ကြားထင်ရှားတဲ့idolတစ်ယောက်ဖြစ်ပါစေ,နေ့တိုင်းလိုက အလုပ်များနေဆဲပင်ရှိနေသည်။
၊အနည်းဆုံးသော 70%သည်ကအခြားသူများနှင့် ဆက်ဆံပေါင်းသင်းမှုအားအဆင်ပြေအောင်တည်ဆောက်ရလေ့ရှိပြီး
20%သည်က သူတို့၏ပရိသတ်များနှင့်ကျန်သူများအတွက် သရုပ်ဆောင်ခြင်းကိုသာ
အာရုံစိုက်ရလေ့ရှိိသည်။

မန်နေဂျာတစ်ယောက်ဖြစ်ရသည်က အလွန်ပင်အထုအထောင်းခံနိုင်မှသာအဆင်ပြေလိမ့်မည်ပင်ဖြစ်သည်။တစ်စုံတစ်ယောက်နဲ့ ပြသနာရှုပ်ထွေးမှုများရှိလာပါကလည်းထို သရုပ်ဆောင်နှင့်ပတ်သက်တဲ့အရှုပ်အထွေးကိုသတင်းအစပင်မကျန်အောင်သပ်သပ်ရပ်ရပ်ဖြင့် ရှင်းလင်းပစ်နိုင်ရမည်သာဖြစ်သည်။
အကယ်၍များ ရှင်းလင်းမပြစ်နိုင်ဘူးဆိုပါက
ထို အနုပညာရှင်အကြောင်းမကောင်းသတင်းက အင်တာနက်အသုံးပြုသူများအကြားလုံးဝပင် ရောက်ရှိသွားကြလိမ့်မည်ပင်ဖြစ်သည်။ ပရိသတ်နှင့်ပတ်သက်သည့်
အများပြည်သူများရဲ့ အယူအဆ၊လူထုရဲ့
အယူအဆ ၊စာချုပ်ပါလစာ၏ပြောင်းလဲမှုအား ဆွေးနွေးခြင်း၊ရိုက်ကွင်းအတွင်းရှိဝန်ထမ်းများ၏အစားအစာပြင်ဆင်မှု ၊ ထုတ်လုပ်သူများ၊ရင်းနှီးမြုပ်နှံသူ များ နှင့်
ဆက်သွယ်ပြောဆိုမှု၊ပြိုင်ဘက်ကြယ်ပွင့်များ၏သတင်းများနှင့် အတင်းအဖျင်းများကိုလည်း သိရှိစေရန် မေးမြန်းစပ်စုရခြင်း ၊
ပြိုင်ဖက်များရဲ့ အသရေပျက်အောင်ကြိုးပမ်းလာမှုများ ၊အနုပညာရှင်ကိုလည်း
ဂရုစိုက်ပေးရခြင်းများ စသည့် ထိုထို ထို သော အကြောင်း အရာများအတွက် ရှောင်ရီ
လုကျိုးနောက်သို့ တကောက်ကောက်လိုက်နေရသည်မှစကာ နားလည်လာခဲ့သည်။

အသေအချာပင် ,သူ့အားလုကျိုး၏ လက်ထောက်အဖြစ်ကုမ္ပဏီမှသူ့ကို စီစဥ်ပေးခဲ့သည်ကသူ့အားအမြဲတမ်းလက်ထောက်အဖြစ်တော့ခန့်ထားမည်ဟုမဆိုလိုဘူးပင်
ဖြစ်သည်။လက်ထောက်တစ်ယောက်၏
တာဝန်မှသည်မန်နေဂျာ ,ထုတ်လုပ်သူ သို့မဟုတ် အလားအလာရှိသည့် အနုပညာရှင်များ၏အကျိုးအမြတ်အတွက် ကုမ္ပဏီ၏
ဌာန တစ်ခုခုသို့ပင်ဝင်ရောက်နိုင်မည်သာဖြစ်သည်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now