EP24.1(U&Z)

1.4K 276 1
                                    

..[ U ]

ရှောင်ရီ က သီချင်းနှစ်ပုဒ်ရေးရန်လိုအပ်နေပြီး ပထမတစ်ပုဒ်က { Catkins Flutter In The Wind }ရုပ်ရှင်ကားအတွက်ဖြစ်ပြီး
ဒုတိယတပုဒ်က {The Era of Leftover Men} အတွက် ဖြစ်တယ်၊ သီချင်းတွေက
လုကျိုး၏ဇာတ်ကောင်နေရာတွေ အတွက်
ခံစားရေးဖွဲ့ရမည်မို့ ဆုံးဖြတ်ချက်မချမီ
အကောင်းဆုံးဖြစ်နိုင်ရန် လိုအပ်တယ်၊
အရည်အသွေးကောင်းမွန်ပါက နာမည်ကြီး
အဆိုတော်တစ်ယောက်ကို ငှားပြီး ဇာတ်ဝင်သီချင်းတွေ အဖြစ်တီးခတ်ရမည်ပင်။

ရှောင်ရီသီချင်းကောင်းကောင်းရေးတတ်တယ်ဆိုတာကို ဒူမိုင်ကတော့ သိပ်မယုံပုံ
ရတယ်၊ တကယ်တော့ ရှောင်ရီ ကိုယ်တိုင်လည်း လုပ်နိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး၊
တက္ကသိုလ်ပထမနှစ်ပြီးကတည်းက ,သူဘာကိုမှဖြစ်မြောက်အောင်မရေးခဲ့ဘူး၊
'ချစ်ပန်းလေးများ ဖူးပွင့်ချိန်'ဆိုသည့်
သီချင်းတပုဒ်ကိုသာဒူးမားနှင့် နှစ်ပေါင်းများစွာ ဆိုခဲ့ပြီး မှတ်မှတ်ရရထိုသီချင်းကနှင်းတွေ အများကြီး ကျတဲ့ နေ့မှာ သူ့စိတ်ကူးထဲ ပေါ်လာတဲ့ ပထမဆုံး သီချင်းဖြစ်တယ်။
သူ့ရဲ့ ငယ်ရွယ်တက်ကြွမှု တွေနှင့်ညာဏ်
ကွန့်မြူးမှုတို့ မွေးဖွားရာလည်းဖြစ်တယ်။

ဒါပေမဲ့ သူတို့ တီးဝိုင်းကလီကျန်း၊ကိုင်လီ၊
ဟော်ဟိုင်နဲ့နေရာအတော်များများမှာ သီချင်းဆိုခဲ့ပေမယ့်ထိုသီချင်းကိုတော့
ပေါ်ပြူလာဖြစ်အောင်မလုပ်ခဲ့ဘူး။

ရှောင်ရီ က သူနောက်ထပ် သီချင်းတွေ မရေးနိုင်တော့ဘူးလို့ခံစားနေရပြီးထိုခံစားချက်က သူ့ကို အလွန်အမင်းထိတ်လန့်၍စိတ်ညစ်
စေတယ်၊လုကျိုးက သူ့အားဒူမိုင်ထံ
recommendပေးထားတယ်ဆိုတာကို သူသိတယ်၊လုကျိုး ကသူ့ကို ထောက်ပံ့ပေးတယ်၊
ဂရုစိုက်ပေးတယ်၊အဲ့ဒီအပြင်ချွင်းချက်မရှိ
လုကျိုးသာပိုင်ဆိုင်သည့် နည်းလမ်းတွေမှ
သူ့ရဲ့တည်ရှိမှုကိုထူးခြားစွာပင်ရှိစေတယ်။

အပေါ်ထပ်ရှိ လက်ရှိနေရာမှပြတင်းတွေက
အပြင်ဘက်ရှုခင်းတွေကို ကြည့်ရန်အကောင်းဆုံးသော နေရာဖြစ်တယ်၊ ပုံမှန်အားဖြင့်
မည်သူမှအသုံးမပြုကြဘူး၊ရှောင်ရီ
တစ်ယောက်က ပြတင်းပေါက်ဘက်အား မျက်နှာမူလျက်ရှိနေတယ်၊ လုကျိုးအတွက်
အပြစ်ရှိစိတ်နှင့်အတူ ကျေးဇူးတင်စိတ်တွေလည်း ပြည့်နှက်နေတယ်၊သို့ပေမယ့်
လုကျိုး၏ကြီးမားတဲ့ မျှော်လင့်ချက်ကို
သူဘက်မှ အပြည့်အဝ မဖြည့်ဆည်းနိုင်မည်ကို သူစိုးရိမ်နေမိတယ်၊ထိုကဲ့သို့သော လေးလံ သည့် ဝန်ထုပ်ဝန်ပိုးကအတွေ့အ
ကြုံမရှိသေးတဲ့ရှောင်ရီ အတွက် ကြာရှည် ကြာများခံနိုင်ရည်ပင် ရှိနိုင်ပါ့မလားဆို
တာကိုစိုးရိမ်နေမိတယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now