EP34(U&Z)

1.5K 257 6
                                    

[ U ]

ရှောင်ရီ ဇာတ်ညွန်း ယူပေးလိုက်တယ်။
လုကျိုး လေးနက်စွာမျက်မှောင်ကြုံ့၍
ကြိမ်ဖန်များစွာ ရွတ်ဆိုရင်း ပြောလာတယ်၊

" ဘာလို့လဲမသိဘူး, ရိုက်ကူးရေးစပြီဆို
ငါ့ခေါင်းထဲ ဘာမှမရှိတော့ဘူး, မနေ့ညက
ဖတ်ထားတဲ့ ဇာတ်ညွန်းကိုတောင်ငါပြန်
မမှတ်မိဘူး"

ရှောင်ရီက အားပေးနှစ်သိမ့် သည့်သဘော
ဖြင့်ပြောလိုက်တယ်။

" စိတ်မပူပါနဲ့, ဒီလောက်အကြာကြီးအနား
ယူပြီးမှ အလုပ်ပြန်လုပ်တော့ ခုလို ဖြစ်တာ
က ပုံမှန်ပဲ, ဖြေးဖြးချင်းပြန်အဆင်ပြေလာ
လိမ့်မယ်"

လုကျိုးက ကော်ရစ်တာတွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်ပြီး ရုတ်တရက်အမှိုက်ပုံးကို ပိတ်ကန်ကာကျယ်လောင်သောဆူညံသံအား ဖန်တီးလိုက်တယ်။

ရှောင်ရီ : " စိတ်ဆိုးမနေနဲ့..ကျိုးကော"

စစ်ဆေးကြည့်ရာစတူဒီယို ထံဘယ်သူမှ
မလာခဲ့။ရှောင်ရီ တချက်ကြည့်လိုက်တော့
တံခါးပိတ်ထားတာကိုပါတွေ့လိုက်ရတယ်။

လုကျိုး မောပန်းနွမ်းနယ်နေတယ်။ ရှောင်ရီ
လုကျိုးရှေ့တွင်ရပ်ကာ မျက်လုံးတွေကို
ကြည့်လိုက်တယ်။ လုကျိုးရဲ့ ဂနာမငြိမ်
ဖြစ်နေတဲ့ မျက်လုံးတွေ တဖြေးဖြေး ငြိမ်သက်သွားချိန် သူတချက်သက်ပြင်းချ
လိုက်မိတယ်။

" အပြင်မှာ နည်းနည်းအေးတယ်"

ရှောင်ရီ အမှိုက်ပုံးလေးကိုပြန်ထောင်လိုက်တယ်။

" အထဲပြန်သွားရအောင်"

လုကျိုးနဲ့ ရှောင်ရီ ထောင့်တနေရာတွင်ထိုင်နေကြတယ်။ နင်ယာချင်းကပြုံးရင်းပြော
လာတယ်။

" ငါ ပြန်တော့မယ်, Male God, မင်းလုပ်နိုင်ပါတယ်"

လုကျိုး ခေါင်းညိတ်လိုက်တယ်။ နင်ယာချင်းက ရှောင်ရီ့အား heat packလေး တတွဲ ပေးလာတယ်။ ရှောင်ရီက တခုအား မျက်နှာတွင် ကပ်ပြီး ကျန်အချို့အား လုကျိုးရဲ့ ပခုံးနဲ့
ခြေထောက်တွေမှာ ကပ်ပေးလိုက်တယ်။

လုကျိုးက ဇာတ်ညွန်းအား ထပ်ခါတလဲလဲ
ဖတ်ပြီး ပိုပို၍ပင် ဖတ်ရင်း ဒေါသတွေထွက်လာတယ်။ တစ်ခုခု ပြောရန် ခေါင်းလှည့်
လိုက်ပေမဲ့ရှောင်ရီ နဖူးတွင် အပူပေး ပလာစတာလေး ကပ်ထားသည်အား တွေ့ လိုက်ရတဲ့အခါ ချက်ခြင်း ရယ်မောလာတယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now