EP25.2(U&Z)

1.5K 281 0
                                    

.[ U ]

ရှောင်ရီ သီချင်းမပြီးခင်ထိလုကျိုးသူ့ကို
လှည့်မကြည့်ဘဲအခန်းဘက်သို့ တိတ်တဆိတ်ဖြင့်လှည့်လျက် ရှိနေတယ်၊

"သီချင်းကကောင်းတယ်"

လုကျိုး ပြောလာတယ်,

" သီချင်းစာသားတွေကအသေးစိတ်
ကျလွန်းတယ်, မင်းရဲ့ စာသားတွေက
သံစဥ်ကို ပျက်စီးစေတယ်,အဲ့ဒါက ပရိသတ်
တစ်ယောက်ရဲ့ ဝန်ခံမှု တစ်ခု မလား?"

ရှောင်ရီ : " ဟားဟား....ကျွန်တော်ကအတော်ခက်တယ်နော်"

လုကျိုး : " သီချင်းခေါင်းစဥ်ကဘာလဲ?"

"တစ်ကိုယ်တော်ဂီတ"

ရှောင်ရီ က ဂစ်တာတီးရင်း ပြန်ပြောလိုက်တယ်,

" ကျွန်တော်အဲ့ဒါကို စဥ်းစားမိတယ်,
ကော်ဘင် ရဲ့ခံစားချက်က အဲ့ဒီလိုဖြစ်နိုင်တယ်၊အချစ်ဆိုတာကပြောပြဖို့ခက်တယ်လေ၊ဝန်ခံဖို့ရာမရဲဝံ့သလိုနိမ့်ချဖို့ရာလည်း အားကိုးရာမဲ့ဖြစ်နေတယ်...ဒါက တကယ်လည်း ရိုးရှင်းတယ်, အရိုးရှင်းဆုံးအချစ်
ဇာတ်လမ်း လေး တစ်ခုပဲ"

"ဟုတ်ပါပြီ"

လုကျိုး က ကပြက်ကချော် ပြောလာတယ်,

" နောက်တစ်ပုဒ်ကရောဘယ်လိုလဲ?"

"မေ့သွားပြီ"

ရှောင်ရီကူကယ်ရာမဲ့စွာပြောလာတယ်၊

လုကျိုး :"စားဖို့ကျ ဘယ်လိုဖြစ်ပြီးမင်းမမေ့တာလဲ !"

ရှောင်ရီ :"......"

မိုးသည်းထန်စွာရွာသွန်းပြီးနောက်ရာသီဥတုက တဖြေးဖြေးပူနွေးလာတယ်။ရှောင်ရီလည်းစတင်အလုပ်များလာတယ်,လုကျိုးက
နှင့် နေ့တိုင်းလိုလို ရိုက်ကူးရေး သို့လိုက်ပါနေရပြီး အိမ်သို့ပြန်ရောက်တဲ့အခါတွင်လည်း
ပင်ပန်းလွန်းတာမို့ မျက်ကွင်းတွေပင်ညိုလာတယ်၊ဒရမ်မာ နှစ်ခုမှ(The Era of leftover Men) တစ်ခုက ပထမဆုံးပြီးဆုံးခဲ့တယ်၊
ယခုတွင်လုကျိုးကဒါရိုက်တာကော်၏ညဥ်းပန်းနှိပ်စက်မှု ကို လက်ခံဖို့ရာ (Floating with the Wind)အတွက် အချိန်အားလုံး
ကို မြုပ်နှံထားပြီး မဂ္ဂဇင်း ဓာတ်ပုံ ရိုက်ဖို့ အတွက် ကိုလည်း အချိန်ပေးရတယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now