EP35(U&Z)

1.6K 262 4
                                    

.[ U ]

ရှောင်ရီ တစ်ယောက် ကုမ္ပဏီသို့လာဖို့ အတွက် ဒူးမိုင်ဆီမှ မက်ဆေ့ အားလက်ခံ
ရရှိချိန်တွင်သူလေယာဥ်ပေါ်မှ ဆင်းလာ
သည့်အချိန်ဖြစ်တယ်။

ရှောင်ရီ ကုမ္ပဏီသို့အရင်လာခဲ့လိုက်တယ်။
ဝူဟန်းကုက စကြ်ံလမ်းတွင် အခြား တစ်ယောက်နှင့် မတ်တပ်ရပ်လျက်စကားပြောနေတာကို သူတွေ့လိုက်ရတယ်၊သူဝူဟန်းကုကို
နှုတ်ဆက်လိုက်တယ်၊ဒါပေမဲ့ ဝူဟန်းကုက
သူ့အားဗလာမျက်ဝန်းတွေနဲ့ ကြည့်လာတယ်။

နွေဦးပွဲတော်ရုပ်ရှင်ကို ဖြန့်ချီခဲ့ပြီး ကြည့်ရူသူပေါင်း Rating 2%သာ လျော့ကာ ဝူဟန်းကုက တခဏခြင်းနာမည်ကြီးလာခဲ့တယ်။ Weibo, Tianyaအစရှိသည်တို့တွင် လူတိုင်းက သူ့အကြောင်းကို ပြောနေကြတယ်။ဝူဟန်းကုကနောက်ဆုံးတော့ ထိုးဖောက်နိုင်ခဲ့ပြီး
လုကျိုးနှင့် လီချမ်းကျန်းတို့ရဲ့ပရိသတ်တွေကိုပင်ဆွဲဆောင်နိုင်ခဲ့တယ်၊ အဆုံးသတ်တွင်,
လုကျိုးရဲ့ ကံတရားက သူ့အတွက်ဖြစ်လာခဲ့တယ်၊ လုကျိုးသာပြုတ်ကျမှု ဖြင့်ချည့်နဲ့
လုနီး ပါးဖြစ်မသွားခဲ့ပါကဝူဟန်းကုကခုလိုအချိန်ဇာတ်ပို့ တစ်ယောက်အနေနဲ့သာရှိနေ
ဦးမည်ပင်။

ရှောင်ရီ ဝူဟန်းကုက သူ့ကို မတွေ့ဘူးလို့
ထင်တာမို့ ပြုံးပြီး နှုတ်ဆက်လိုက်တယ်။

ရှောင်ရီ : "ညီလေးဝူ"

ဝူဟန်းကုက သူ့အား ပေစောင်းစောင်းဖြင့်
' ဒါကဘယ်သူလဲ?' ဆိုတဲ့ အရိပ်အယောင်
ဖြင့် ကြည့်လာတယ်၊ ရှောင်ရီ ချက်ခြင်းဒေါသတွေထွက်လာတယ်၊မင်းကဘာလို့
ဒီလောက်မာနကြီးနေရတာလဲဟုသူ့စိတ်
ထဲကနေ ပြောနေမိတယ်။

"ရှောင်ရီ "

လင်းယော့က သူ့အသံကို ကြားတော့
တံခါးဖွင့်ပြီး သူ့အားလှမ်းခေါ်လာတယ်။

ရှောင်ရီ သူ့ ခရီးဆောင်အိတ်အားဆွဲကာ
ဝင်လိုက်တယ်။ ဒူးမိုင်ကဖုန်းပြောနေရင်း
ရှောင်ရီ ဝင်လာတာကို တွေ့တဲ့အခါစကား
နှစ်ခွန်း သုံးခွန်းဖြင့်ဖုန်းခေါ်ဆိုမှုအားအဆုံး
သတ်လိုက်တယ်။

ဒူးမိုင် : " လုကျိုးက ကုမ္ပဏီနဲ့ စာချုပ်ဖျက်သိမ်းပြီး ပြန်လည်ထူထောင်ရေး အတွက်ကနေဒါသွားပြီ"

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now