EP26.2(U&Z)

1.6K 290 6
                                    

..[ U ]

လုကျိုးက ရှောင်ရီကို လုံးဝလျစ်လျုရှု
ထားပြီး ခုံတွင်ပြန်ထိုင်ကာ မျက်နှာကို Essenceလိမ်းနေပေမဲ့ မျက်နှာကြီးက
နီရဲနေတုန်းပဲ။

အချိန်အတော်ကြာဖြတ်သန်းခဲ့ပြီးနောက်
လကုန်ရက်ကို ရောက်လာပြန်တယ်။

ရှောင်ရီ ထမင်းစားပြီးချိန် သူ့ပန်းကန်အား
ဘေဇင်ထဲ ပစ်ချပြီး ဒရမ်မာစတင်ထုတ်လွှင့်မှုကို စောင့်နေတဲ့အခါလုကျိုး တစ်ယောက်ငိုရမလို ရယ်ရမလိုဖြစ်နေတယ်၊

" ဘာလို့မီးတွေလျှောက်ပိတ်တာလဲ?!
ဒါက ဒရမ်မာပါဟ..မင်းဟာက မသိရင်
ရုပ်ရှင်ကားကြီး ကျနေတာပဲ!"

နောက်ဆုံးတွင် လုကျိုးလည်း ကူကယ်ရာမဲ့စွာပဲ ပန်းကန်တွေကို သူပဲဆေးလိုက်ရတယ်၊
ပုံမှန်အားဖြင့် သူက အိမ်ဖော်အန်တီကြီးအား
သူ့ရဲ့ ပန်းကန်တွေ တူတွေကို မကိုင်ခိုင်းတာမို့
ထမင်းစားပြီးတိုင်း ရှောင်ရီပဲ ပန်းကန်ဆေးနေကြဖြစ်တယ်၊ဒီနေ့ကျ ရှောင်ရီ တီဗွီကြည့်ဖို့ ပြေးထွက်သွားတာမို့ လုကျိုး တစ်ယောက် ရွေးချယ်စရာမရှိနိုင်လျက်အေပရွန်ကြီး
ခါးတွင်ပတ်ကာ ပန်းကန်ဆေးနေရလေရဲ့။

ရှောင်ရီ အသက်ရှုရပ်မတတ်ဖန်သားပြင်ကို
ကြည့်နေချိန် လုကျိုးဖန်ခွက်လေးကိုင်ကာ
သူ့အနားသို့လျှောက်လာတယ်၊

" ကျိုးကော မကြည့်တော့ဘူးလား?"

"မကြည့်တော့ဘူး...ဒါလေးကြည့်ဖို့ကို
အလန့်တကြား"

"အဲ့လိုတော့ မဟုတ်ပါဘူး...."

ရှောင်ရီ အော်ဟစ်ရင်း လုကျိုးခါးကို
ပွေ့ဖက်ကာ ဆိုဖာပေါ် ဆွဲချလိုက်တယ်။

လုကျိုး : "......"

လုကျိုး ရှောင်ရီ့ ကြောင့် ထိုင်လိုက်ရပြီး
သူ့ ရုပ်ရှင်အား စိတ်ပျက်စွာဖြင့်စောင့်ဆိုင်းနေရတယ်၊ပထမအစအားတီးလုံးလေးဖြင့်
စတင်ခဲ့ပြီး စိတ်ဝင်တစားကြည့်နေတဲ့ရှောင်ရီက မျက်ခုံးလေးတွေပင့်တင်ကာ အသံတိုးတိုးလေးဖြင့် သီချင်းသံလေးကို စတင်ငြီးဆိုနေခဲ့တယ်။

အမှောင်ထဲ၌ အလင်းနှင့်အတူ အရိပ်တို့ စတင်ပြောင်းလဲလာတယ်၊ ရှောင်ရီ ဖန်သားပြင်အား မမှိတ်မသုန်စိုက်ကြည့်နေချိန်
လုကျိုးရှောင်ရီကို လှည့်ကြည့်တယ်၊ရှောင်ရီ
ရယ်ကျဲကျဲလေးဖြင့် လုကျိုးကို ဘေးတိုက်လှည့်ကြည့်ရင်း မျက်ခုံးလေးတွေပင့်တင်မိချိန် အကြည့်ချင်းဆုံနေမိကြတယ်၊ ခံစားချက် တချို့မျက်လုံးအကြည့်တို့တွင်အရိပ်ထင်စေလျက် မည်သည့်ခံစားချက်ဖြစ်သည်ဆိုသည်အား နှစ်ယောက်လုံးမပြောနိုင်သည့်တိုင် ခံစားချက်တွေရှိနေကိုတော့ နားလည် နိုင်မိတယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now