EP15(U&Z)

2K 304 1
                                    

..နောက်ဆုံးတွင်ရှောင်ရီက လူတွေရဲ့ ကလိမ်ကကျစ်စိတ်တွေကို မြင်လာမိတယ်၊Sinaမှ
ခေတ်စားနေတဲ့ သတင်းအကြောင်းအရာက ပြောင်းလဲသွားပြီး လက်ရှိခေတ်အစားဆုံးသတင်းက လီချန်းကျန်းရဲ့ ရုပ်ရှင်ကရိုက်ကူးပြီးစီးသွားပြီဖြစ်တာမို့ တနလ်ာနေ့ တွင် ပရိုမိုးရှင်းဆင်းရန် ပြင်ဆင်နေခြင်းဖြစ်တယ်၊တမင်တကာလူစည်ကားအောင် ပရိသတ်အတုတွေကို ဖိတ်ခေါ်ပြီး အကုန်ပြန်သွားတဲ့အခါ,ကျန်ရှိနေတဲ့လူတွေက ချီချွမ်း နှင့် အတူ အိပ်တဲ့ အနုပညာရှင် တွေအကြောင်း အတင်း တုပ်ကြတယ်။

နောက်ဆုံးတွင် အရာအားလုံး တိတ်ဆိတ် သွားတဲ့အခါ, လုကျိုးနဲ့ကျန်းရှီရမ့်တို့ကိုလည်းဘယ်လိုမှအဆင်မပြေနိုင်ကြောင်း တွက်ချက်မိကြတယ်၊ရှောင်ရီက
ဒီအမှန် တရားက တကယ့်ကို ကြောက်ဖို့ကောင်းတယ်ဆိုတာကို တွေးမိတယ်၊သူ့တစ်သက်လုံး မင်းသားမဖြစ်ရလည်း နေစေတာ့ ၊လက်ထောက်လေး အဖြစ်က တသက်တာလုံးအေးချမ်းမှုရစေတယ်လို့ပါ တွေးမိတယ်။

ပျော်စရာ ဖျော်ဖြေမှုကြီးပြီးဆုံးသွားတဲ့အခါ,
လုကျိုးက နာကျင်မှုနှင့်အတူ ပင်ပန်းစွာပင်
ပြန်လာတယ်၊တညလုံးဟိုတယ်မှာသာ
လဲလျောင်းနေပြီး ရှောင်ရီကလည်း သူ့ဘေးတွင်သာ ရှိနေရင်း နေ့လည် တနေ့ခင်းလုံးစာ
ဖြစ်ပျက်သမျှအစုံကို ဖတ်ရင်း သူ့အနီးမှာနေပေးနေခဲ့တယ်၊လုကျိုးက 'အင်း " ဟူသော
စကားတစ်လုံးကိုသာပြောပြီး,

"မင်း ဥက္ကဋ္ဌဒူကိုသွားပြောလိုက်ဦး!သတင်းအတွက်တင်ထားတာအဆင်ပြေပြီဆိုရင် ,
အဲ့ဒါကို မြန်မြန်ရပ်ပြီး အဲ့ဒီအစား ဖျော်ဖြေရေး ဆိုဒ်တွေဘက် အာရုံစိုက်ပေးပါလို့!!"

"အမ်း..."

ရှောင်ရီက သူ့ဖုန်းကို ကြည့်နေချိန်လုကျိုးက
ပြောလာတယ်။

"မင်း မသွားနိုင်လဲ ကိစ္စမရှိဘူး၊သူလည်းသိလောက်တယ် "

ရှောင်ရီက လုကျိုးရဲ့ စကားအတွက် တုံ့ပြန်သံ တစ်ခုသာပြုလုပ်လိုက်တယ်၊လုကျိုးက
သူ့ပခုံးကို ညွန်ပြလာတဲ့အခါ,ရှောင်ရီပခုံးလေးကို နှိပ်ပေးလိုက်တယ်၊လုကျိုးရဲ့ အကြောတွေက တောင့်တင်းနေတယ်၊အဝတ်အစား ဝတ်တဲ့အခါတွင်ပိန်ပါးတယ်
လို့ထင်ရပေမယ့် အကျီ ချွတ်တဲ့အခါ အသားတွေ များများရှိတာမို့ လုကျိုးက ကိုယ်သူခိုးလို့ ခေါ်လို့ရတယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now