EP50(U&Z)END❤❤

3K 297 6
                                    

.
[ U ]

ထိုင်းနိုင်ငံ,ဘန်ကောက်, Erawanနတ်ကွန်း,

ရှောင်ရီ နဲ့ လုကျိုးတို့အမွှေးနံ့သာတို့ဖြင့်
ပူဇော်ကာထွက်လာကြတယ်။

ရှောင်ရီ: "ဒုက္ခမျိုးစုံကိုဖြတ်ကျော်ပြီး
ခုတော့ဆုတောင်းတွေတကယ်ဖြစ်လာခဲ့ပြီ"

"အင်း..လေနဲ့ မိုးကိုမကျော်ဖြတ်ဘဲ
သက်တန့်ကို မမြင်နိုင်ဘူးတဲ့,
ကိုယ်ကတော့ နောင်တမရဘူး"

ရှောင်ရီနဲ့ လုကျိုးတို့လက်ချင်းချိတ်ကာ
ဘန်ကောက်မြို့ရဲ့လမ်းမများပေါ်လျှောက်
လာခဲ့ကြတယ်။ခရီးသွားဧည့်သည်တချို့က
လုကျိုးကို မှတ်မိသွားကြပုံရတယ်။ရှောင်ရီ
အလျင်အမြန်လုကျိုးလက်ကိုဖြုတ်ပြီး အနောက်တွင်ပုန်းလိုက်မိတယ်၊သို့သော်
လုကျိုးကသူ့လက်ကိုလွှတ်မပေးဘဲခေါင်း
လေးညိတ်ကာပြန်လည်နှုတ်ဆက်လျက်
ရှိနေတယ်။

......

တစ်နှစ်အကြာတွင်,အနုပညာသတင်းဖိုရမ်များရဲ့ ခေါင်းကြီးပိုင်းများ၌သတင်းတစ်ခု
ထွက်ပေါ်လာခဲ့တယ်။

လုကျိုးကသူ့လက်ထောက်လေးနဲ့အတူ
တရုတ်နိုင်ငံသို့အမြွာကလေးငယ်လေး
နှစ်ယောက်ကိုချီပိုးကာပြန်လာခဲ့သည့်သတင်းဖြစ်တယ်။

ပုံတွင်လုကျိုးကလေဆိပ်မှထွက်လာနေခြင်းပင်၊ရှောင်ရီကလျှာထိုးဦးထုပ်အားခပ်ငိုက်ငိုက်ဆောင်းကာသူ့မျက်နှာအားဖုံးကွယ်ထားတယ်၊ထို့နောက်စောင်လေးတွေကိုယ်စီလွှမ်း ခြုံခြင်းခံထားရတဲ့အမြွာလေးတွေပါဝင်
သည့်နှစ်ယောက်စီးတွန်းလှည်းလေးကို
တွန်း လာတယ်။

"မင်းမိဘတွေ လာကြိုမှာလား...အရမ်းစိတ်
ပူမနေနဲ့..အရင်တိုင်ပင်ထားသလိုပဲပြော"

ရှောင်ရီ မိဘတွေက သူတို့ကိုလာကြိုကြတယ်၊ဝမ်းနည်းနေပုံရတဲ့သူတို့သားကိုလည်းအပြစ်မဆိုကြဘူး၊လုကျိုးနဲ့ပဲတစ်ဦးနဲ့တစ်ဦးဖေးမကာနေထိုင်တော့မည်ဟုရှောင်ရီကပြောခဲ့တယ်။ပါပါးရှောင်နဲ့မာမားရှောင်တို့ကလည်းလုကျိုးရဲ့ဂရုစိုက်မှုအတွက်ကျေးဇူး တင်နေကြတယ်။ရှောင်ချန်းကကလေးနှစ်ယောက်ကလုကျိုးနဲ့ရောရှောင်ရီနဲ့ပါအတော်တူနေတာကိုတွေ့နေရပေမဲ့ BMW နဲ့ ဝူဟန်
ကအိမ်သစ်မျက်နှာကြောင့်မပြောရဲခဲ့ဘူး။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Όπου ζουν οι ιστορίες. Ανακάλυψε τώρα