EP22.3(U&Z)

1.7K 282 0
                                    

..[ U ]

ထို အချိန်အတောအတွင်း ဒူမိုင်တစ်ယောက်ကလည်း ဖုန်းတွေ အကြိမ်ကြိမ် ခေါ်နေတယ်၊
ရှောင်ရီ တစ်ယောက် အတွင်းခံဘောင်းဘီ
လျှော်နေရင်းမှ လေပွေအလား ဖုန်းဖြေရန်ပြေးထွက်လာလိုက်တယ်၊လုကျိုးကလည်း
အကြိမ်ကြိမ် ပွတ်တိုက်ဆေးကြောကာရေချိုးပြီးနောက် ရှောင်ရီအား ဖုန်းယူလာဖို့ပြောလာတယ်၊ဖုန်းလာတဲ့ ကိစ္စကဘာလဲဆိုတာကို အသေအချာအတိအကျသူသိချင်နေတယ်။

"အားယိုး!"

လုကျိုး ပြောလာတယ်၊

" ဖုန်းမှာ  ကပ်စီးစီးနဲ့ ဘာတွေလဲ !"

လုကျိုးရဲ့ လှပချောမောတဲ့မျက်နှာအား
ဖုန်းဖြင့် ထိကပ်လိုက်ချိန် ထူးဆန်းတဲ့ စေးကပ်ကပ်အရည်တွေကိုဖုန်းမှာတွေ့လိုက်ရတယ်။

လုကျိုး ဖုန်းလက်ခံရရှိပြီးနောက် ရှောင်ရီက လုကျိုးရဲ့ အတွင်းခံကို လျှော်ဖို့ ပြန်လာလိုက်တယ်၊ဒူမိုင်ပြောလာတယ်၊

" ထောင်ပေါင်းများစွာသေလောက်အောင်အရေးကြီးတယ်၊ ကုမ္ပဏီကို အမြန် လာ ...ဒါရိုက်တာရော ထုတ်လုပ်သူ ရော
နှစ်ယောက်လုံးမင်းကို စောင့်နေတယ်"

ထိုနေ့ရဲ့ နံနက်10နာရီလောက်အစည်းအဝေးခန်းမမှာ လုကျိုး တစ်ယောက်ရူးမတတ်ဖြစ်နေတယ်၊

"ကျွန်တော်...."

လုကျိုး အသေအချာလေး ပြောပြနေတယ်၊

"ဒါကလေ ကျွန်တော်ငြင်းနေတာ မဟုတ်ဘူး၊
ဒါပေမယ့် တကယ့်ကို ဘယ်လိုမှအဆင်မပြေလို့ပါ,ဒါရိုက်တာကော်"

"ဒါက...လုကျိုး?"

ထုတ်လုပ်သူက သူ့မျက်နှာကိုထောက်ဖို့ တွန်းအားပေးလာတယ်၊လုကျိုး အတော်လေး စိတ်ရှုပ်နေတယ်၊ သူမျက်နှာကို
ထိလိုက်ရာ ဖုန်းမှထိမိတဲ့ ရေတွေတောင်
ခြောက်သွားနေပြီ။

ရှောင်ရီ :"......."

ရှောင်ရီ ကားမောင်းလာတဲ့ အချိန်တုန်းက
လုကျိုးမျက်နှာရဲ့ ညာဘက်ခြမ်းကို မမြင်ရတာမို့ သူ့ခေါင်းတစ်ခုလုံး မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားတယ်၊ဒါပေမယ့် အဲ့ဒါက လုကျိုးရဲ့ ဟာတွေပဲမို့ အရေးမကြီးဘူးလို့ တွေးမိတယ်။ လုကျိုးအတွက် wet tissueယူဖို့ သူချက်ခြင်းထွက်လာလိုက်တယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now