EP14(U&Z)

1.9K 299 0
                                    

..ထိုနေ့ညတွင် ရှောင်ရီတစ်ယောက် Tianyaပေါ်တွင် ကတုန်ကယင်ဖြင့် ပိုစ့်တွေကို လိုက်ကြည့်နေမိတယ်၊လုကျိုးမည်သို့ မည်ပုံကျော်ကြားလာတဲ့ အကြောင်း ပြောထားတဲ့ ပိုစ့်ပေါင်းရှစ်ခုမျှရှိနေတယ် ။
တချို့တွေကလုကျိုး က ထုတ်လုပ်သူနဲ့
ပြောမပြနိုင်တဲ့ အနေအထားဖြင့်
ပတ်သက်ရာမှတက်လာတယ်လို့ ပြောကြတယ်....ရှောင်ရီရဲ့ ဒေါသတွေကအရူးတစ်ယောက်လို မည်းမည်းမြင်ရာသတ်ပစ်ချင်တဲ့အထိတကယ့်ကို စိတ်တွေအတော်လေး ထိန်းချုပ်နေရတဲ့သူဖြစ်နေတယ်။

ထုတ်မပြောအပ်တဲ့စည်းမျဥ်းတွေဆိုသည်ကို မကြာခဏကြားနေရသော်လည်းအဆို
တော် တစ်ယောက်ဖြစ်စေ,သရုပ်ဆောင်တစ်ယောက်ဖြစ်စေ ,ထုတ်ပြောလို့မရတဲ့ စည်းကမ်းချက်တွေကနေတော့မလွတ်မြောက် နိုင်ကြဘူး၊နာမည်ကြီး သရုပ်ဆောင်တွေတောင် ပါဝင်နိုင်ကြတယ်။
ဒါပေမယ့် ဘယ်သူတွေဘာတွေဘဲ ပြောပြော,
လီချန်းကျန်း နဲ့ သူ့ရဲ့ နတ်ဘုရား လုကျိုး အပါအဝင် ဖြစ်နိုင်ချေဆိုတဲ့ အနေအထားကနေတောင် သူက လုံးဝဖယ်ရှားလိုက်တယ်။
ဘယ်သောအခါမှ မညစ်နွမ်းခဲ့သလို လုကျိုးက သူ့အတွက်တော့ ရွံ့နွံ့ထဲကထွက်ပေါ်လာတဲ့ အဖြူရောင်ကြာပန်းလေး တပွင့်လို
အမှန်တကယ် အပြစ်ကင်းတယ်လို့သူတွေးမိတယ်၊ ဒါပေမယ့် လီချန်းကျန်း နဲ့ ပတ်သက်၍မူ ,အရင်က တချို့သော ကိစ္စတွေကို သို့လောသို့လော ကြားဖူးခဲ့ပေမယ့်,
သူ့ရဲ့ဆင်ခြင်နိုင်တဲ့ အနေအထားအရ နားလည် နိုင်ပေမယ့် ဒီလို ကိစ္စတွေကိုတော့
သူမမေးအပ်တာမို့ ,အလေးအနက်လည်း
မထားမိဘူး၊အတိတ်က ဘာတွေဘဲ ဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်မှာဘဲ ထားခဲ့သင့်တယ်မဟုတ်လား၊သို့သော်, စိတ်ခံစားချက်အရ သူလုံးဝ ဒါကို လက်မခံနိုင်ဘူး၊သူက ပိုစ့်တွေကို
ဆက်မကြည့်တော့ဘဲ ထွက်လာဖို့ ကြံရွယ်ခဲ့သော်လည်း အောက်သို့ ဆွဲကာဆက်ကြည့်လိုက်မိတယ်။

ဘုရားသခင် !! ရှောင်ရီ နှလုံးတွေခုန်လာပြီး
သူ့မျက်နှာပေါ် မှာ မျက်ရည်တွေစီးကျလာတယ်၊မျက်ရည်စို့နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေမိရင်း ,

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ! ငါ့ရဲ့ နတ်ဘုရားကတစ်စုံတစ်ယောက်ရဲ့ အထက််ပုဂ္ဂိုလ် ဖြစ်ဖူးတယ်..."

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now