EP51(Extra1)(U&Z)❤❤

2.3K 259 0
                                    

.[ U ]

ရှန်တုန်,ပန်လိုင်,ညအချိန်...

တိုင်ဖုန်းမုန်တိုင်းကအလွန်ပြင်းထန်စွာတိုက်ခတ်နေသဖြင့် ကောင်းကင်ပြင်တခွင်
လုံးပြိုကျလုမတတ်ရှိနေတယ်။

လုကျိုးနဲ့ ရှောင်ရီတို့ တကိုယ်လုံးစိုရွဲနေကြပြီး လုကျိုးကလေသမိုးသံံကိုအန်တုကာ
ထအော်လာတယ်၊

" ဒါက မင်းရဲ့ suprise လား!မင်းအမပဲ
Suprise...အာ..!"

ရှောင်ရီ: "......"

ရှောင်ရီပြန်လည်မအော်ရဲဘူး၊လုကျိုးက
ခရီးဆောင်အိတ်နှစ်လုံးကိုဆွဲကာလမ်းမ
ပေါ်လျှောက်သွားလေတယ်၊ညဆယ်တစ်နာရီရှိနေပြီမို့ ကားလည်းမရှိတော့ဘူး၊သူတို့
လမ်းဘေးတွင်ဘတ်စ်ကားပေါ်မှဆင်းလာရပြီးလုကျိုးရင်းနှီူမြုပ်နှံထားသည့်ဝိုင်စက်ရုံ
ကို သွားရန်ဖြစ်တယ်။

ဒါကဒီလိုပါ,လုကျိုးအကောင်းဆုံးအမျိုး သားဇာတ်ဆောင်ဆုရပြီး{Marriage Proposal}ပြီးသွားတဲ့အချိန်နဲ့တိုက်ဆိုင်
နေခဲ့တယ်။ရန်သူတွေကိုလည်းရှင်းလိုက်နိုင်တယ်၊လုကျိုးစိတ်ဓာတ်တွေတက်ကြွနေတာ မို့တကယ့်ကိုသတို့သမီးညပဲ၊သူကချက်ခြင်းဟန်နီးမွန်းထွက်ဖို့ဒါကြောင့်ရှောင်ရီကပြောလာတယ်၊ရှောင်ရီကလည်းသဘောတူလိုက်တယ်၊တရုတ်နိုင်ငံနဲ့ အနည်းငယ်ကင်းလွတ်
မည့်နေရာတွေကို တွေးတဲ့အခါ ရှောင်ရီက
သူ့အား အံ့အားသင့်စရာနေရာတစ်ခုကစောင့်
ကြိုနေတယ်လို့ပြောလိုက်တယ်။ထို့နောက်
ရှောင်ရီကယန်ထိုက်သို့လေယာဥ်လက်မှတ်
ဝယ်ပြီးဝိုင်စက်ရုံသို့ဆက်သွယ်ခဲ့တယ်။ အသေအချာပဲ,လုကျိုးအားခရီးစဥ်အ ကြောင်းမပြောခဲ့ဘူး၊သူကဖြန့်ဖြူးရေး သမားဟန်ဆောင်ကာယန်ထိုက်သို့ ရောက်လာပြီး နောက် 'Cloud Walkဝိုင်စက်ရုံသို့သွားကာ အခြေအနေကြည့်မည်ပင်။

သူတို့မည်သူမည်ဝါဖြစ်ကြောင်းမဖော်ပြ သည်ကဝိုင်စက်ရုံဖွင့်သည်မှာနှစ်အတော်ကြာနေပြီဖြစ်တယ်၊အရင်းအနှီးတွေပြန်ဖော်နိုင်ဖို့
ဆယ်နှစ်လောက်အချိန်ယူရဦးမယ်လို့လည်း
ဆိုတယ်၊စပျစ်ခြံနဲ့ စက်ရုံကနှစ်စဥ်ဒေါ်လာသန်းပေါင်းများစွာကုန်ကျတယ်၊သူဌေးရောက်သွားတဲ့အခါဝိုင်စက်ရုံကဘယ်လိုအနေအထားရှိလဲ?ရှယ်ယာရှင်တွေကရော
လိမ်နေကြတာလားဆိုတာကိုရှောင်ရီသိချင်တယ်။လုကျိုးကလည်းသီးသန့်သွားဖို့
တောင်ယခင်ပြောဖူးသေးတယ်လေ။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now