EP8(U&Z)

2.2K 332 3
                                    

..Uni

ခေါင်းငိုက်စိုက်ဖြင့်ရှိနေလျက်အောက်မွေ့ဖွယ်ရာမှတ်ညာဏ်များထဲတွင်နစ်မြုပ်နေဆဲ
ရှိနေသောလုကျိုးရှေ့၌ ဝူဟန်းကု
မတ်တပ်ရပ်လိုက်တယ်။

3..2..1.....အက်ရှင် .....။

" ငါမင်းကို အကြိမ်များစွာပြောခဲ့ဖူးတယ်"

လုကျိုး ဝူဟန်းကုအားကြေကွဲ
ဆို့နင့်ဟန်ဖြင့်ပြောလိုက်တယ်။

" သူ့တို့ရဲ့အိမ်ကိုရှာပါလို့
မင်းကိုဘယ်သူပြောလဲ ?! "

ဝူဟန်းကု တုန်လှုပ်ချောက်ခြားစွာဖြင့် ခေါင်းကိုသာငုံ့ထားလျက် မျက်လုံးများကမူ ကနာမငြိမ်စွာရှေ့နောက်သို့ပင်ရွေ့လျားနေခဲ့ရင်း
မရေမရာအနေအထားဖြင့် ရှိနေခဲ့တယ်။

" နှစ်ယောက်စလုံးက သရုပ်ဆောင်ကောင်းတယ်နော့"

တာဝန်ခံအမျိုးသမီးက တီးတိုးပြောလာတယ်။

" ဝူဟန်းကုက လုကျိုးကို အမှီလိုက်နိုင်တယ်"

ရှောင်ရီမေးလိုက်တယ်။

" ဝူဟန်းကုကလည်းကျွမ်းကျွမ်း
ကျင်ကျင် ဖြစ်အောင်လေ့ကျင့်မှုခံယူ
ထားတဲ့သူဘဲလား?"

တာဝန်ခံအမျိုးသမီးက ခေါင်းညိတ်ပြလာတယ်, ရှောင်ရီလည်းဘဲ မတ်တပ်ရပ်ပြီး
အမျိုးသားနှစ်ဦးရဲ့ သရုပ်ဆောင်မှုအားစိတ်ဝင်တစားကြည့် နေမိတယ် , ယခင်ကတော့
သရုပ်ဆောင်တိုင်းအတွက် သရုပ်ဆောင်ခြင်းပညာရပ်ဟာလွယ်ကူလိမ့်မယ်လို့သူထင်မိခဲ့တယ်၊သို့သော် အမှန်တကယ်နဖူးတွေ့ဒူးတွေ့ အနေအထားတွင်မူ မလွယ်ကူနိုင်ကြောင်းတဖြေးဖြေးပင်တွေ့ရှိလာရတယ်၊တကယ်တမ်းတော့ သရုပ်ဆောင်ပညာက အင်မတန်မှခက်ခဲလွန်းလှတယ်၊ အကယ်၍များသူသာ
ဝူဟန်းကုနေရာတွင် အစားဝင်ရောက်သရုပ်ဆောင်ရမယ်ဆိုပါလျှင် , အသေအချာပင် သူလုံးဝ အဲ့ဒီလို အမူအရာမျိုးလုပ်နိုင်
လိမ့်မယ်မထင်မိဘူး။

လုကျိုးက စကားလုံးအချို့ဖြင့်သာအကျဥ်းချုပ်ပြောဆိုပြီးနောက် သူ့ညီငယ်အဖြစ်
သရုပ်ဆောင်တဲ့ဝူဟန်းကုအား တာဝန်အချို့ပေးအပ်လိုက်ခြင်းဖြင့်ထိုအခန်းအား အဆုံးသတ်လိုက်တယ်၊သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုအား ဒါရိုက်တာကများစွာ
သဘောကျသွားပြီးနောက် ရိုက်ကူးရေးအား အဆုံးသတ်လိုက်တယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now