EP21(U&Z)

2.1K 295 1
                                    

..[U ]

နှစ်သစ်ကူး၏ပထမဆုံးနေ့ တွင် ရှောင်ရီတစ်ယောက်လုကျိုးအား သူတို့ အနီးရှိရေပူစမ်းရှိရာ လူသိများတဲ့ နာမည်ကြီး အပန်းဖြေစခန်းသို့ ခေါ်သွားခဲ့တယ်၊အဲ့ဒီမှာပဲသူတို့နှစ်ယောက် ဂျပန်အစားအစာဆူရှီကိုလည်း
မှာစားကြတယ်၊လုကျိုးကဆံပင်ကို သေသပ်အောင်ဖြီးသင်ထားပြီး bathrobeဝတ်ထားတယ်၊မိတ်ကပ်လိမ်းရန်မလိုကြောင်း သိသာတာမို့ ကုမ္ပဏီက သတင်း ထုတ်လွှင့်ရေး အဖွဲ့အား ချိတ်ဆက်ခဲ့တယ်၊လုကျိုးက တံခါးရှေ့ ကြမ်းပြင်ပေါ်၌ တင်ပျဥ်ခွေထိုင်နေစဥ်
ရှောင်ရီက Digital Video cameraကို ကိုင်ထားလျက် ရှိနေပြီးနောက်ဘက်၌ စိမ်းလန်းသောထင်းရှုးပင်တွေနဲ့ ရှေး ကျတဲ့ အပြင်အဆင်ကို နောက်ခံထားမည်ဖြစ်တယ်၊နှစ်သစ်ကူးအကြိုည (ဒီဇင်ဘာ30) ကတည်း
ကပင်နှင်းတွေကျနေခဲ့တာမို့ သစ်ပင်များပေါ်၌ဆီးနှင်းမှုန်များ ဖုံးလွှမ်းလျက်ရှိနေဆဲပင်၊ လုကျိုးကတော့အနီရောင်စာအိတ်လေး တစ်အိတ်အားကိုင်ဆောင် လျက်နူးညံ့နွေးထွေးသည့်အပြုံးချိုတွေနဲ့ ပြောလာတယ်။

" ဒီနှစ်သစ်မှာ , ကျွန်တော့်ရဲ့ပရိသတ်တွေအားလုံး ကောင်းမွန်စွာ ပညာသင်ကြားနိုင်ပြီး
လုပ်ကိုင်စီးပွားတွေလည်းအောင်မြင် တိုးတက်ကြပါစေလို့ဆုမွန်ကောင်း
တောင်းလိုက်ပါတယ်....

"ဒီနှစ်တွေတလျှောက်လုံး ကျွန်တော်နဲ့ အတူ လိုက်ပါပေးခဲ့ကြလို့ အားလုံးကိုကျေးဇူးတင်ပါတယ်...."

ရှောင်ရီက DVလေးကို ကိုင်ထားပြီး
သူ့ဘာသာလည်း တွေးနေမိတယ်..
' လုကျိုးက ခုလို လေးကျရိုးရိုးရှင်းရှင်းလေးနဲ့ သေလောက်အောင်ချောတယ်...ဘာမှတောင်အပိုပြောစရာမလိုဘူး...နေရောင်ခြည်လေးလိုတောက်ပပြီး ချောမောတယ်၊အရမ်းလည်း ဆွဲဆောင်မှုရှိတယ်၊သူ့အတွက်လည်းအစ်ကိုကြီးတစ်ယောက်လိုအမြဲတမ်းဘေးမှာရှိနေပေးစေချင်တယ်၊လုကျိုးနားမှာအဲ့လိုမျိုးလေးဘေးမှာသာအတူနေရမယ်ဆိုနေ့တိုင်း ဆူဆူဆဲဆဲသူ့အတွက်ကတော့တကယ်ထိုက်တန်တယ်'

"Cut !"

ရှောင်ရီ ပြောလိုက်တယ်...

"အရမ်းကောင်းတယ်"

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now