EP7.2(U&Z)

2.1K 322 6
                                    

..Uni

လင်းယော့ပိုစတာအတွက်ဓာတ်ပုံများကို
ကြည့်လိုက်တယ်။  Photoshop ပြင်ဆင်မှု
အပြီးသတ်ပြီဆိုပါက ထိုပုံတို့အား အရောင်းမြှင့်တင်ရေးကာလတွင် အသုံးပြုရန်, လူသိများထင်ရှားတဲ့ websiteတွေနဲ့ ဘေးဘုတ်
ထောင်ရန် အစရှိသည်တို့အား ပြင်ဆင်ရန်
အစီအစဥ်အား ကြိုတင်တွေးတောနေခဲ့တယ်။

ဒါရိုက်တာက ပြောလာတယ်။

" လုကျိုး , မင်းဇာတ်ညွှန်းကိုလည်း
အကျွမ်း တဝင်ရှိဖို့လိုတယ်, ငါတို့ ဒီကိစ္စကို
နောက်မှ ဆွေးနွေးမယ်, နင်ယာချင်း ရဲ့
အသွင်အပြင်ကိုလည်း တချက်ကြည့်လိုက်ဦးမယ် "

(TN....Ning Yaqing ဆိုတဲ့နာမည်ကို မြန်မာလိုရေးတော့ တမျိုးကြီးဖြစ်နေ😬)

လုကျိုးသဘောတူညီကြောင်း အသံပြုလိုက်ပြီး နောက် ထိုင်ခုံတွင်ထိုင်ပြီးဖုန်းကိုသာ
ကြည့်နေလိုက်တယ်။ရှောင်ရီဓာတ်ပုံတွေကို
ကြည့်ချင်တယ်, ပြီးစီးသွားတဲ့အခါ
ဓာတ်ပုံသမားရဲ့ လက်ထောက်က ချက်ခြင်း
ပင် မတ်တပ်ထရပ်တယ်။

ရှောင်ရီ အံ့အားသင့်သွားတယ်။
ဒါက လျှို့ဝှက်လွန်းတယ်လို့သူထင်တယ်။
သို့သော် လက်ထောက်က ပြောလာတယ်။

" မင်းထိုင်နေလို့ရတယ်"

လုကျိုးကတော့ ဘေးကနေဘာမှ ဝင်မပြောဘူး၊သူ့ဖုန်းထဲက ဂိမ်းကိုသာဆက်ကစားနေတယ်။ရှောင်ရီ သူဘေးတွင် ထိုင်ပြီး ထိုလက်ထောက်ပြန်ပြင်နေတဲ့ပုံတွေကို ကြည့်ပြီးစောင့်ဆိုင်းနေခဲ့ရင်း သူ့ရဲ့အချို့သောတောင်းဆိုမှုတို့ကိုစတင်လိုက်တယ်။
ရှောင်ရီပြောလိုက်တယ်။

" အာ....ဘေးဘက်မျက်နှာလေးကို
နည်းနည်းလောက်ပြင်ပေးလို့ရမလား?
နှာခေါင်း ...အဲ့ဒီနေရာကိုလည်နည်းနည်း
လေးကျဥ်းအောင်လုပ်ပေးနော်"

လုကျိုးက ရှောင်ရီကို တချက်လှမ်းကြည့်လာတယ်။ရှောင်ရီ တွေးလိုက်တယ်....
" ငါတစ်ခုခုများ အမှားလုပ်လိုက်မိပြီလား? "
လုကျိုး က သူ့ထံသို့ အဓိပ္ပါယ်အပြည့်ပါတဲ့
အကြည့်တချက်ဖြင့် ဓာတ်ပုံပြန်လည်ပြင်ဆင်ခြင်းအား ဆက်လက်လုပ်စေလို
သည့်သဘောဖြင့် ညွန်ပြသယောင်ရှိလာတယ်။ထို့နောက် ရှောင်ရီ က ထပ်မံတောင်းဆိုမှုတွေကို ပြုလုပ်ခဲ့တယ်...ဥပမာအနေနဲ့ မျက်နှာ အနေအထားကို ပြောင်းလဲပြင်ဆင်စရာမလိုသော်လည်းမျက်လုံး ပုံသဏ္ဌာန်ကိုတော့ ထောင့်ဖက်လေးတွေ အနည်းငယ်ပြောင်းလဲစေတာမျိုး တွေနဲ့ အစရှိသည်တို့ ဖြစ်တယ်။ဓာတ်ပုံအား အနီးကပ်ကြည့်လိုက်ပြီး ရှောင်ရီ တွေးလိုက်မိတာက လုကျိုးက
တကယ်ကြီး မှ တကယ်ကြီးကို သေမတတ်
စောက်ရမ်း ချောတယ်ဆိုတာဘဲ၊ယောကျ်ားတစ်ယောက်က အပြစ်ဆိုဖွယ်ရာမရှိအောင်
ဘာလို့များ ဒီလောက်ချောရက်နိုင်တာလဲ?
ဒါက လုံးဝကို တရားနည်းလမ်းမကျဘူး ၊
360ဒီဂရီ ထက်ကျော်လွန်၍ အက်ကွဲကြောင်းတစ်ခုလို အနာအဆာလေးတစ်စတောင်သူမတွေ့ရဘူး၊Photoshopပြင်ဆင်မှု အပြီးတွင်, ပထမပုံကပို၍ပင်ကောင်းနေသေးတယ်လို့ ရှောင်ရီတွေးလိုက်မိတယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Dove le storie prendono vita. Scoprilo ora