Chapter - 08

3.2K 393 2
                                    

Unicode

နောက်တစ်နေ့ မနက်ခင်းမှာ ကျန်းမန့်က ဖတ်စာအုပ်နဲ့ လေ့ကျင့်ခန်းစာအုပ်ထုပ်တွေကို ယူပြီး သူမ အိမ်က ထွက်ခဲ့သည်။ လီဝေက မြို့လယ်မှာနေတာဖြစ်ပြီး သူမ အိမ်ကနေဆိုရင် နာရီဝက်လောက် ဘက်စ်ကားစီးရမည်။

မှတ်တိုင်မှာ ခဏလောက်စောင့်ပြီးတဲ့ အချိန်မှာ ဘက်စ်ကားက ရောက်လာခဲ့သည်။

ဒီနှစ်ရဲ့N မြို့က ရထားလမ်းမဖောက်ရသေးသည်ကြောင့် ပြတင်းပေါက်အပြင်က သူမနဲ့ ရင်းနှီးနေတဲ့ ရှုခင်းတွေကို ငေးကြည့်ရင်းနဲ့ပဲ ဘက်စ်ကားစီးသွားခဲ့သည်။ အတိတ်က မှတ်ဉာဏ်တချို့က ဝေဝါးသွားခဲ့ပြီးပေမဲ့ တချို့ကိုတော့ သူ့ကြောင့် ယခုအထိ မှတ်မိသေးသည်။ သူမ ဒီနှစ်တွေမှာ သူ့အကြောင်းကိုပဲ ထပ်ကာ ထပ်ကာ အိပ်မက်မက်နေခဲ့သလို၊ တချို့အရာတွေကို ရှင်းရှင်းလင်းလင်းကို မှတ်မိနေခဲ့တာဖြစ်သည်။

ထိုနေ့က လီဝေအိမ်မှာ စာလုပ်ပြီး ထွက်လာခဲ့သည့် အချိန်မှာ အရမ်းကို နောက်ကျနေပြီ။ ထို့ကြောင့်ပင် လီဝေက သူမကို ဘက်စ်ကား မှတ်တိုင်အထိ လိုက်ပို့ပေးမယ်လို့ ပထမဆုံးအကြိမ် ပြောလာခဲ့သည်။

အဲ့အချိန်က ဆောင်းရာသီကုန်ခါနီးဖြစ်လို့ လမ်းဘေးက အစိမ်းရောင် ချုံပုတ်တွေပေါ်မှာ နှင်းတွေဖုံးလွှမ်းနေခဲ့ပြီး လမ်းမီးတိုင်တွေကလည်း အလင်းရောင် မှိန်မှိန်လေး ဖြာကျနေခဲ့ပေမဲ့ ကောင်းကင်မှာတော့ ဝိုင်းစက်နေတဲ့ လမင်းကြီးက ကြည်လင်စွာ သာ နေခဲ့သည်။

သူတို့နှစ်ယောက် ကတ္တရာလမ်းအတိုင်းလျှောက်နေခဲ့သည့်အချိန်တွင် ညခင်းရဲ့ ပြင်းထန်တဲ့ လေက လမ်းနှစ်ဖက်လုံးက သစ်ကိုင်းတွေကို ယိမ်းထိုးတဲ့အထိ တိုက်ခတ်သွားတယ်။ သူမက အစိမ်းရောင် အလှချုံတွေ တန်းစီစိုက်ထားတဲ့ ပလက်ဖောင်းရဲ့ အုတ်ထစ်ကျဉ်းကျဉ်းလေးပေါ်ကနေ လျှောက်နေရင်း နှင်းကြောင့် ချော်နေတဲ့နေရာကို မတော်တဆ လှမ်းလိုက်မိပြီး ခြေထောက်က ရုတ်တရက်ချော်ထွက်သွားကာ ဟန်ချက်ပျက်သွားခဲ့သည်။

လီဝေက သူမ ပြုတ်ကျမှာစိုးလို့ လှမ်းပြီး ထိန်းပေးလိုက်သည်ကို သူမ မှတ်မိသေး၏။ 

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now