Chapter - 17

2.7K 353 17
                                    

Unicode

ဂီတ အခန်းထဲက ထွက်လာတဲ့အချိန်မှာ ကျန်းမန့်က ကျောင်းအဆောက်အဦနှစ်ခုကို ဆက်ထားတဲ့ ကော်ရစ်ဒါမှာ သူမ ဂစ်တာကို ကိုင်ထားရင်း ဆက်လျှောက်နေခဲ့သည်။ လေအေးတစ်ဖြတ် တိုက်ခတ်လာတာမလို့ အနည်းငယ် တုန်တက်သွားကာ သူမ ကျောင်းဝတ်စုံ အပေါ်ထပ်ကို တင်းကြပ်စွာ ဖိထားလိုက်ရသည်။

မနေ့ညကကဲ့သို့ပင် အပြင်မှာ မိုးဖွဲဖွဲလေးကျနေခဲ့သည်။ အပူငွေ့ဖွဲ့ပြီး ရွာကျလာတဲ့ နွေရာသီ မိုးကြိုးမုန်တိုင်းတွေနဲ့ နွေဦးရာသီလိုမျိုး ဟုတ်မနေခဲ့ပါချေ။

ရာသီဥတုကလည်း အုံ့မှိုင်းနေ၏။

စီနီယာ ချင်ရွိုက်ကို တွေ့လိုက်ရခြင်းကြောင့် သူမ စိတ်ထဲ အနည်းငယ် မွှေနှောက်ခံလိုက်ရသကဲ့သို့ရှိနေ၏။

သူမ အရင် ဘဝတုန်းက လီဝေနဲ့ ခွဲပြီး ချက်ချင်းပဲ ချင်ရွိုက်က သူမကို ချစ်ကြောင်း ဝန်ခံလာခဲ့သည်။

အဲ့တုန်းက သူမ နေရာပြောင်းသွားခဲ့တာကြောင့် သူတို့က အတန်းရဲ့ ဆန့်ကျင်ဘက် တစ်ဖက်စီလောက် ခြားကာ အရမ်းကြီး ဝေးသွားခဲ့သည်။ သူမက သူ့ကို ကျောင်းမှာတွေ့တိုင်း စကားမပြောခဲ့ဘူး။ ကျောင်းပိတ်ရက်တွေမှာလည်း သူ စာပြပေးတဲ့အချိန်တွေကို သွားတာ ရပ်လိုက်သည်။ ထိုသို့ပင်သူတို့ နှစ်ယောက်လုံးက တစ်ယောက်နဲ့ တစ်ယောက် လုံးဝ အဆက်အဆံမရှိတော့ပေ။

စာလုပ်တာနဲ့ တခြားအရာတွေကို ခေါင်းစဉ်တပ်ကာ သူမ နှလုံးသားထဲက အနက်ရှိုင်းဆုံးနေရာမှာ အချစ်ဦးဆိုသည့်နာကျင်မှုကို မြှုပ်နှံထားခဲသည်။ သူ့အကြောင်းမတွေးသရွေ့ သူမ ခံစားရတဲ့ နာကျင်မှုက သက်သာသွားလိမ့်မည်ဟု ယုံကြည်ရင်းပေါ့။

အတော်ကြာသွားပြီးနောက်မှာ သူမ ကြိုးစားတည်ဆောက်ထားသည့် ငြိမ်းချမ်းခြင်းနဲ့ တည်ငြိမ်မှုတို့က ငြိမ်ကျသွားခြင်းအသွင်ကို ဆောင်လာခဲ့တော့သည်။ သူမက တဖြည်းဖြည်းနဲ့ အရင်လို ပြန်ဖြစ်လာပြီလို့ ထင်ခဲ့သည်။

တိတ်ဆိတ်လှတဲ့ ဆယ်ကျော်သက်ကောင်ငယ်လေးကတော့ ကျောင်းဆင်းသွားတိုင်းမှာ ကျောင်းပေါက်ဝ ဂိတ်ကပဲ ဖြစ်ဖြစ်၊ အတန်းအပေါက်ဝကနေပဲ ဖြစ်ဖြစ် သူ့မှာ သူမကို မေးဖို့ မေးခွန်းတွေ အများကြီးရှိနေသေးသလိုမျိုး သူမကို အမြဲလိုက်ပိတ်တားခဲ့သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now