Chapter - 37

2.5K 317 5
                                    

Unicode

ကျန်းမန့် ပါးစပ်ပွင့်လျက်သားဖြစ်သွားခဲ့သည်။ တကယ်ကြီး လင်းပိုင်တစ်ကောင်ကို နမ်းလို့ရသည်လား?

လေ့ကျင့်ပေးသူက သူမကို လုပ်ရမည့်အဆင့်ကို တိုးတိုးလေး ကပ်ရှင်းပြသည်။ တကယ် နမ်းတာမဟုတ်ဘဲ နမ်းမိသယောင်လေးလုပ်တာဖြစ်နေသည်။ သူမ အနည်းငယ်ကိုင်းပေးလိုက်သည့်အခါ ပေ့ပေ့ကလည်း ခေါင်းလေးကို မော့လာသည်။

ကျန်းမန့် ခေါင်းဝိုင်းဝိုင်းလေးကို ကြည့်သည့်အခါ ရှက်သလိုဖြစ်သွားသည်။ ဒီလင်းပိုင်လေးက စိတ်တွေ ဒီလောက်ပါနေမယ်လို့ ဘယ်သူက ထင်မှာလဲ။ သူမနဲ့ မလှမ်းမကမ်းအကွာအဝေးလေးကနေ ပါးစပ်ချွန်ချွန်လေးက ခုန်အုပ်လာခဲ့သည်။

ကျန်းမန့်က ပူးပေါင်းစွာဖြင့် နှုတ်ခမ်းစူထားလိုက်သည်။

သို့သော် ပရိတ်သတ်အမြင်တွင် နမ်းလိုက်သည့်ပုံဖြစ်သွားသည်။

သူတို့က ပျော်ရွှင်စွာဖြင့် ဖုန်းထုတ်ကာ ဓာတ်ပုံတွေရိုက်ကြတော့သည်။

----------

သူမ ထိုင်ခုံနေရာကို ပြန်လာသည့်အခါ ကျန်းမန့်က စိတ်လှုပ်ရှားနေဆဲ စိတ်အခြေအနေဖြင့် လီဝေ၏ လက်အင်္ကျီစကို ဆွဲလျက် မပြီးနိုင် မဆုံးနိုင်ပြောပြနေမိသည်။

" ... ငါက လက်ဆွဲနှုတ်ဆက်ရုံလေးထင်နေတာ။ လင်းပိုင်လေးကို နမ်းရမယ်လို့ မမျှော်လင့်ခဲ့ဘူးရယ်။ လီဝေ ခုနက ဓာတ်ပုံရိုက်ထားလိုက်လား "

" မရိုက်လိုက်ဘူး "

ထိုကောင်လေးက သူမ ဒူးပေါ် သူ့ကုတ်အင်္ကျီကို ပြန်ခြုံလာပေးသည်။ သူ့အသံက ခပ်မာမာဖြစ်နေပြီး အဆက်မပြတ်ပြောနေသော သူမ၏ စကားတို့နှင့်ဆိုလျှင် ယတိပြတ်ငြင်းဆိုလိုက်သည့် အနှယ်။

ကျန်းမန့် လှည့်ကြည့်လိုက်သည့်အခါ သူ့မျက်နှာဟာ လျှာထိုးဦးထုပ်၏ အောက်တွင် ကွယ်နေပြီး ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သူ့လက်ကို လှမ်းဆွဲလိုက်ပြီး ကျန်းမန့် မေးလိုက်သည်။

" ဘာဖြစ်လို့လဲ "

ဘာဖြစ်လို့ ရုတ်တရက်ကြီး မရွှင်မပျဖြစ်လာတာလဲ?

" ဘာမှ မဖြစ်ဘူး "

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now