Chapter - 67

2K 254 15
                                    

ညနေခင်း ဒုတိယချိန်မှာ ကိုယ်ပိုင်စာလုပ်ချိန်ဖြစ်သည်။

ဆရာမရှိသည်ကို အခွင့်ကောင်းယူကာ ရူပဗေဒထူးချွန် ငတုံးလေးသုံးယောက်က ယနေ့တွက်ချက်ရမည့် မေးခွန်းအစုံများအားလုံး အပြီးသတ်ပြီးသည်နှင့် ပိုနေသည့် ညနေစာလုပ်ချိန်တစ်ဝက်ကို လစ်ပြီး သူတို့ အစီစဉ်တွေကို ဆွေးနွေးရေးစတော့သည်။

ချန်ကျွင့်က သူ့အင်္ကျီကော်လာကို ထောင်ပြီး လူမရှိသည့် ဘက်စ်ကတ်ဘောကွင်းထဲသို့ ကျန်တဲ့ နှစ်ယောက်ကို ဦးဆောင်လျက် မြောက်ကြွမြောက်ကြွနှင့် သွားသည်။

မိုးရွာထားသည်ဖြစ်၍ ကွင်းထဲတွင် ရေစိုနေသော ဘက်စ်ကတ်ဘောတစ်လုံးရှိနေသည်။ နေ့လည်က ကာယအတန်းပြီးတော့ ပြန်သိမ်းဖို့ မေ့သွားခဲ့ဟန်တူသည်။

သူက ဘောလုံးကို ကောက်လိုက်ပြီး အသာလေး ပစ်လိုက်သည်။ မျက်မှောင်တွန့်ချိုးလျက် အလိုမကျမှုနှင့်အတူ သက်ပြင်းချ၏။

" ဟေး ... မင်းပြောကြည့်၊ နတ်ဘုရားမကျန်းရဲ့ မွေးနေ့က နှစ်ရက်ဆိုရောက်ပြီ။ ငါ ဘာပေးသင့်လဲ? အတန်းထဲမှာ ငါတို့ အတူတက်နေကြတာ သုံးလတောင်ပြည့်တော့မှာပဲ။ ငါတို့ သူ့ကို ဆက်သွယ်ဖို့တောင် ဘာတစ်ခုမှ မရှိဘူး။ ဟာ ... ကျန်းမန့်က ငါ့ကို အမြင်စောင်းနေတာဖြစ်မလား "

ဘက်စ်ကတ်ဘောက လှလှပပ ကွေးဆင်းသွားပြီး ခြင်းတိုင်ထဲ တည့်တည့်ဝင်သွားခဲ့သည်။ ထို့နောက် လေးလာစွာနှင့် မြေကြီးပေါ်ကျလာသည်။ အကြိမ်အနည်းငယ် ခုန်တက်သွားပြီးနောက် ကွင်း၏မြေပြင်ပေါ် တစ်လုံးတည်း လိမ့်သွားခဲ့သည်။

သူ့ပုံစံကို မြင်ရတော့ တန့်နျန်နှင့် ချောင်ကျစ်ရွှယ်က အတော်လေး စိတ်ပျက်လာရသည်။

သူ့ကို ညာဖို့ ရုတ်တရက်ကြီး မကောင်းဘူးလို့ ဘာလို့ ခံစားလာရတာပါလိမ့်။

သူတို့ နှစ်ယောက်အချင်းချင်းကြည့်လိုက်သည်။ ပါးစပ်ဟပြီး ပြောထွက်ဖို့ရာ အနည်းငယ် တုံ့ဆိုင်းနေသည်။

ဒါမှမဟုတ် သူ့ကို အမှန်တိုင်း ပြောပြလိုက်ရင်ရော?

အချစ်မှာ ကျရှုံးတာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ လူကြားထဲ ဖွင့်ပြောပြီး အရူးလိုဖြစ်သွားရင်ကျ သနားဖို့ကောင်းသလိုပဲလေ။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now