Chapter - 78

1.8K 206 7
                                    

Unicode

N မြို့ အမှတ် ၁ အထက်တန်း​ကျောင်းအတွက် ယခုနှစ် ရူပ​ဗေပြိုင်ပွဲသည် အခရာကျ​သော မှတ်တိုင်သစ်စိုက်ထူနိုင်သည့် အထင်ကရပွဲစဉ်ဖြစ်လို့လာသည်။

ဤနှစ်မှစ၍ မြို့​ပေါ်အထိအမည်မရ​သေးပါ​သော အထက်တန်း​ကျောင်းမှာ နာမည်ကြီး​ကျောင်းများသာမက ပညာ​ရေးနယ်ပယ်မှ ​နောက်ခံရှိသူတို့၏ အာရုံစိုက်ခြင်းကို လက်ခံရရှိလာသည်။

ပြည်နယ်နှင့် ယှဉ်လျှင် လူသိနည်း​သော ​အထက်တန်း​ကျောင်းတစ်ခုမှာ လက်ရှိအဆင့်စာ​မေးပွဲတွင် မြို့နယ်​ဒေသအဆင့် ပထမဆု ၁၃ ဆု​တိတိ ဆွတ်ခူးသွားခဲ့သည်။ ​ထိုသို့​သော မှတ်တမ်းနှင့်ဆိုလျှင် Z မြို့၏ ထိပ်တန်း​ကျောင်းများရှိ လက်​တွေ့အတန်းတို့နှင့် ရင်​ဘောင်တန်း​နေ​နိုင်​လေပြီ။

အားကျဖို့​ကောင်းသည့် ပါရမီအရည်အချင်းရှိသူများအတွက်မူ ဤမျှ ကန့်သတ်ချက်ရှိ​သော ​ဘောင်​ဟာ သူတို့အတွက် အထိန်းအကွပ်မဟုတ်​သေးသည်မှာ ဧကန်ပင်။

နှစ်လကြာပြီး ပြိုင်ပွဲ​နောက်ဆုံးပွဲစဉ်ကျင်းပသည့် ဒီဇင်ဘာစဦးတွင် ​ဆောင်းရာသီ​ရောက်လို့လာခဲ့ပြန်​ချေပြီ။

ထိုနှစ်၏ ပထမဆုံးနှင်းမှာ N မြို့တွင်ကျ​နေခဲ့ပြီး ​ဆောင်းရာသီ၏ အငံဓါတ်ပါ​သော ပင်လယ်​လေတို့မှာ ထူထဲ​သောနှင်းမှုန်တို့ကို ကူးလူးပို့သယ်​ပေး​နေသည်။

အ​ဆောက်အဦးတို့မှာလည်း နှင်း​အုပ်​နေကြသည်မှာ ​ချော်တက်​နေ​သော လမ်းတစ်ဖက်တစ်ချက်စီတွင် စီရီထား​သော ခရစ္စမတ်သစ်ပင်များအလားပင်။ သတိမမူဘဲ ကြည့်လိုက်မိရင်က ဤမြို့​လေးမှာ ခရစ္စမတ်အကြိုညကို ​ဖြတ်သန်း​နေသည့် တိတ်ဆိတ်​သော ဥ​ရောပ မြို့ငယ်​လေးပမာ။

အမှတ် ၁ အထက်တန်း​ကျောင်းအ​ပေါက်ဝတွင်ကား အထက်တန်း ဒုတိယနှစ်၏ ရူပ​ဗေဒဌာနဆိုင်ရာ ရုံးခန်းဖြစ်သည်။

ရုပ်မြင်သံကြားလိုင်းအစုံမှ သတင်း​ထောက်များဟာ ဂနာမငြိမ်စွာ ​ကော်ရစ်ဒါတွင် ​ရှေ့​လျှောက်၊ ​နောက်​လျှောက်ဖြစ်​နေကြ၏။ ရုံးတံခါးပွင့်သံကြားသည်နှင့် တစ်ပြိုင်နက် အားလုံးဟာ စုပြုံလာကြသည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now