Chapter - 10

3.1K 402 1
                                    

Unicode

-- လီဝေ အမေက သူ့ကို မွေးပြီးကတည်းက ဆုံးပါးသွားခဲ့သည်။

ထို့ကြောင့် သူပြောနေခဲ့သည့် သူငယ်ငယ်ကတည်း က ကနေဒါကို ပြောင်းသွားပြီး သူ ခက်ခဲနေချိန်တိုင်းမှာ သူ့ကို အားပေးဖို့ ပြန်လာသည်ဆိုသော အမေက တကယ်တော့ သူ့ စိတ်ကူးတွေပဲ ဖြစ်နေခဲ့သည်။

သူ့စိတ်ထဲက သူ့အမေ မှာ သိပ်ကို လှတဲ့ 'ဂျေးနက်' ဆိုတဲ့ အင်္ဂလိပ်နာမည်လေးတစ်ခုရှိသည်။

လီဝေရဲ့ Schizophrenia က ပြင်းထန်လှသည်။ Auditory Hallucination¹ တွေ ဖြစ်ရုံသာမကဘူး၊ နောက်တစ်ဆင့်ဖြစ်တဲ့ Visual Hallucination¹ ကိုပါ ခံစားရသည်။

(1. Auditory Hallucination, Visual Hallucination ဆိုတာ တကယ်မရှိတဲ့ အရာ​တွေကို ကိုယ့်မသိစိတ်က ဖန်တီးပြီး လုပ်ယူထားတာ​ကြောင့် တကယ်မရှိတဲ့ လူ​တွေ၊ သူတို့​ပြောတဲ့ စကား​တွေကိုပါ ကြားလာတာပါ)

သူမ အရင်ဘဝတုန်းက လီဝေ သေကြောင်းကြံခဲ့အပြီးမှာ သူ့ရဲ့ စိတ်ရောဂါဆရာဝန်ဖြစ်တဲ့ မိုက်ကယ် က လီဝေအကြောင်းကို အဓိက ဟောပြောဖို့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို လက်ခံဖြေကြားပေးခဲ့သည်။

အဆိုးရွားဆုံး အာရုံလွဲမှား ခြင်းမျိုး ဖြစ်တဲ့ တကယ်မရှိတဲ့ အရာတွေကို ယုံမှားပြီး မြင်နေရ၊ ကြားနေရတဲ့ ထင်ယောင်ထင်မှားဖြစ်တာမျိုး ခံစားနေရတာကို လီဝေ ကိုယ်တိုင် အရွယ်ရောက်လာပြီးမှ သိခဲ့ရသည်ဟု မိုက်ကယ်က ပြောခဲ့သည်။ 

အဲ့ဒီလိုဖြစ်နေမှန်း နားလည်လိုက်ရတာက ဘယ်သူမှ မကိုင်တွယ်နိုင်လောက်အောင် ဆိုးရွားလွန်းလှသည်။ အထူးသဖြင့် သူ့လိုမျိုး ကိုယ့်ကိုယ်ကိုယ် အလွန်ထိန်းချုပ်ထားတဲ့ လူတစ်ယောက်အတွက်ပေါ့။

သူ့မှာ ကြောက်စရာကောင်းလှတဲ့ Schizophrenia ရောဂါမျိုး ခံစားနေရတာဆိုတာကို မ‌ပြောနဲ့ဦး၊ သူ့အမေက နှစ်တွေ အစောကြီးကတည်းက သေသွားခဲ့တာဆိုတဲ့ အချက်ကိုတောင် အချိန်အကြာကြီး အထိ သူ လက်မခံနိုင်ခဲ့။ 

သူက လက်တွေ့နဲ့ သူ့ စိတ်ထဲက ယောင်ယောင်မှားမှားဖြစ်နေတာတွေကို ခွဲခြားနိုင်စွမ်း စပြီး ဆုံးရှုံးလာခဲ့ပြီးနောက် သူ့တစ်ကိုယ်လုံးက သိပ်ကို အထိမခံဖြစ်လာပြီး စိတ်ထိခိုက်လွယ်လာခဲ့သည်။ ထိုကစပြီး သူ့ဘေးနားက တကယ်ဖြစ်နေတာတွေအားလုံးကို အမှားတွေလို့ မယုံသင်္ကာဖြစ်လာခဲ့သည်။ သူ လုပ်နေခဲ့တဲ့ Theoretical Physics ရဲ့ အခြေခံ အမှန်တရားတွေနဲ့ သိပ္ပံအချက်အလက်တွေက တကယ်ရှိတာလားလို့တောင် သံသယဝင်လာခဲ့သည်။ 

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now