Chapter - 16

2.8K 348 1
                                    

Unicode

ည​နေပိုင်း ဒုတိယအချိန် အပြီးမှာ ကျန်းမန့်က အတန်းပိုင် လျိုကျစ်ကျွင်း​ခေါ်တာ​ကြောင့် ရုံးခန်းကို သွားရသည်။

အ​ကြောင်းက​တော့ လွန်ခဲ့တဲ့ တစ်လက လီ​ဝေ ပြန်တင်​ခဲ့တဲ့ ​တောင်းပန်စာ​ကြောင့်ဖြစ်​နေ၏။

လျိုကျစ်ကျွင်းက မိဘလက်မှတ်ထိုးတားတဲ့ ထိုတောင်းပန်စာကို လက်ခံရတုန်းက ဂရုမစိုက်ဘဲ အံဆွဲထဲ သိမ်းထားခဲ့သည်။ ဒါ​ပေမဲ့ အခုတ​လော လီ​ဝေနဲ့ ပတ်သက်တဲ့ သတင်း​တွေက ပိုပိုပြီးများလာတာ​ကြောင့် ဆရာတစ်​ယောက်အနေနဲ့ သူ့နားကို သတင်းက​ရောက်လာခဲ့ခြင်းပင်။ သူက ​တောင်းပန်စာကို ပြန်စစ်ကြည့်တဲ့အခါမှာ တစ်ခုခုမှား​နေပြီလို့ ခံစားလိုက်ရသည်။

အဲ့​ကောလဟာလ​တွေကို စစ်ကြည့်ဖို့ သူက လွန်ခဲ့တဲ့ ၇ နှစ်က လီ​​ဝေ တက်ခဲ့တဲ့ ​ကျောင်းကို ဆက်သွယ်ကြည့်လိုက်တယ်။ လီ​​ဝေရဲ့ အ​မေဖြစ်တဲ့ လင်​ဟွေက သူ့ကို ​မွေးပြီးကတည်းက ဆုံးသွားခဲ့တာကို အတည်ပြုလိုက်နိုင်ခဲ့တယ်။ အဲ့တာအပြင် မိဘမဲ့ ​ဂေဟာက ဝန်ထမ်းက သူ့ကို လီ​ဝေအ​ကြောင်း ​ပြောပြခဲ့​သေးတယ်။

ပထမတုန်းက သူထင်ခဲ့တာက လီ​ဝေက ဒီအတိုင်းပဲ သူ့ကို စာရွက်ပြန်တင်​ပေးဖို့အတွက် သူ့အ​မေနာမည်ကို ​သူ့ဟာသူ ရေးခဲ့တာလို့​ပေါ့။ ဒါ​ပေမဲ့ အဲ့​ကျောင်းက လူ​ပြောပြတာနဲ့ ​ပေါင်းကြည့်လိုက်အပြီးမှာ သူပို​တွေးကြည့်​လေ မှား​နေတာကို ပိုပြီး သတိထားမိလာ​လေဖြစ်လာခဲ့တယ်။

လျိုကျစ်ကျွင်းက ကျန်းမန့်ကို ​ခေါ်ပြီး လီ​ဝေနဲ့ ပတ်သက်လို့ တစ်ခုခု မူမမှန်ဖြစ်​နေလား ​မေးချင်တာဖြစ်သည်။

ကျန်းမန့် စိတ်ထဲမှာ သူဘာကို ဆိုလိုချင်မှန်း သတိထားမိလိုက်တယ်။ သူမ အရင်ဘဝတုန်းက ​အဲ့​တောင်းပန်စာဆိုတာ မရှိခဲ့ဘူး။ ပြီး​တော့ လီ​ဝေ Schizophrenia ကို ခံစား​နေရပါတယ်ဆိုတဲ့ အအ​ကြောင်းကို ​ကျောင်းက ကြားသိ​နေ​ခဲ့​ပေမဲ့ ဘယ်တုန်းကမှ အတည်ပြုခြင်းမရှိခဲ့ဘူး။

သူမက ​ခေါင်းခါလိုက်ကာ

" သူ မူမမှန်ဖြစ်တာ ဘာမှမ​တွေ့ပါဘူး "

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now