Chapter - 31

2.7K 362 15
                                    

Unicode

ကျန်းမန့် အိမ်ပြန်သွားပြီးနောက်တွင် စာကြည့်ခန်းထဲမှာထိုင်ရင်း တစ်ယောက်ယောက်ကို လီ​ဝေ ဆက်သွယ်ခဲ့သည်။

ရန်ဟွေ ဒဏ်ရာ ပြန်လည်ကောင်းမွန်လာပြီး ကျောင်းပြန်တက်နေပြီဖြစ်သည့်အကြောင်း လွန်ခဲ့သော နှစ်ရက်က သူကြားခဲ့သည်။ ကြီးကြီးမားမား အထိနာသွားရသည့် ရန်ဟွေလိုမျိုး လူဆိုးတစ်ယောက်က အခဲမကျေဘဲ လက်တုံ့ပြန်လာမည်မှာ သေချာပါသည်။

သူ ဂရုမစိုက်ပေမဲ့ သူမကတော့ မဖြစ်ပါချေ။

ထိုနေ့က အဲ့လူ သူမ မေ့စေ့ကို ဆွဲညှစ်ပြီး ခြိမ်းခြောက်နေသည့် ပုံကို ပြန်တွေးမိသည်နှင့် သူ စိတ်လွတ်သွားရသည်။ သူမ၏ ပုလဲဖြူသဖွယ်ကြည်လင်လှသော လက်ဆစ်လေးများက ကျောင်းလွယ်အိတ်ကို တင်းတင်းဆွဲဆုပ်ထားခဲ့သည်ကို သူ ဦးနှောက်ထဲ ပြန်မြင်ယောင်နေဆဲပင်။

သူမနှင့် ပတ်သက်သည့်အရာအားလုံး၊ ကိစ္စတိုင်းတွင် သူ ပေါ့ပေါ့လျော့လျော့ဖြင့် စိတ်လျှော့ပစ်ရန်မဝံ့ရဲပါချေ။

ဖုန်းဝင်ပြီး တတီတီမြည်သံတို့ဖြင့် ခဏအကြာတွင် တစ်ဖက်က ဖြေလာခဲ့သည်။ ဖုန်းတစ်ဖက်က ယောက်ျားတစ်ယောက်၏ အသံက ခပ်ဩဩ။

" ဘယ်သူ့ကို ရှာတာလဲ "

" ... ရိကော၊ ကျွန်တော် လီဝေပါ။ "

စီးရိက ကျန်းမန့် နဲ့ သွားခဲ့တဲ့ ဘားပိုင်ရှင်ဖြစ်ပြီး N မြို့၏ လမ်းများတွင် အကျော်ကြားဆုံးလူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ မိဘမဲ့ ဂေဟာမှာ နေခဲ့တုန်းက လီဝေ သူ့ကို ကူညီခဲ့ဖူးသည်။ အခု ကျန်းမန့် အတွက်သာမဟုတ်ရင် သူ့တစ်သက် ဒီကျေးဇူးကြွေးအကြောင်းကို ဘယ်တော့မှ ပြန်ဖော်မိမှာ မဟုတ်ပေ။

----------

စီးကျင် အိမ်ပြန်ရောက်လာခဲ့ထိတိုင် ဒီနေ့ ပရိဘောဂပစ္စည်းဆိုင်မှာ တွေ့ခဲ့တဲ့ကောင်လေးက ဘယ်သူလဲဆိုတာ မမှတ်မိနိုင်သေး။

သူမ စိတ်ထဲတွင် အလွန်ရင်းနှီးသော ခံစားချက်တစ်ခုကို ရနေသလို သူ့ကို အရင်က တစ်နေရာရာမှာ တွေ့ခဲ့ဖူးတာ ကျိန်းသေသည်။ ဒါပေမဲ့ သူ့အကြောင်းတွေးကြည့်ရင်း သူမ အနည်းငယ် စိတ်ရှုပ်သွားရသည်။ အဲဒီလို ချောမောလှပတဲ့ လူငယ်တစ်ယောက်ကို တွေ့ဖူးရင် သူမ စိတ်ထဲ စွဲနေမိမှာ အမှန်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now