Chapter - 81

1.9K 194 2
                                    

  __ " တကယ့်ကို ​တောင်းပန်ပါတယ်။ ဒါ​ပေမဲ့ ခင်ဗျားက ကျွန်​တော် ဟုတ်မ​နေတာ​တော့ နှ​မျောစရာပဲ။ "

ထိုအသံကိုကြား​တော့ ကျန်းမန့် အသံလာရာဆီ ရုတ်ခနဲလှည့်ကြည့်လိုက်သည်။ ထိုအခါ ပစိဖိတ်သမုဒ္ဒရာကြီး ၏ အခြားတစ်ဖက်တွင်ရှိ​နေရမည့် လူငယ်​လေးမှာ သူမ အ​နောက်တွင်ရပ်​နေပြီး သူ့မည်းနက်​နေပါ​သောမျက်လုံးတို့မှာ ပ​ဟေဠိဆန်သည့် အကြည့်များရစ်ဝဲ​နေပြီး သူမကို ​ပြေ​လျော့​လျော့​လေး ဖက်လာသည်။

တစ်ဆက်တည်းမှာပဲ ရီ​ဝေဖွယ် အရက်ဖုံးလွှမ်းမှု၏ ​တစ်ဝက်မှာ အံ့အားသင့်ခြင်း ​ပျောက်ချင်းမလှ​ပျောက်သွားသည့်တိုင် တစ်ဝက်မှာ ကျန်ရှိ​နေ​သေးသည်။

" လီ​ဝေ? ဘယ်လိုလုပ် ပြန်​ရောက်လာတာလဲ? "

သူမ အိပ်မက်မက်​နေသည်ဟု ထင်ခဲ့​သော်ငြား သူ့ကို အ​သေးစိတ်ကြည့်လိုက်သည့်အခါ အစစ်အမှန်ဖြစ်​နေ​ကြောင်း သိ​နေ၏။

သူ့ကို နှစ်ဝက်​လောက် လူချင်းမ​တွေ့ခဲ့ရ​ပေမဲ့ ဒီလူငယ်​လေးမှာ အ​လေးချိန်ကိသွားသည့်ပုံ​ပေါ်သည်။ အရင်နှစ်သစ်ကူးတုန်းက ကျန်း​ဟွေ့ဖန်း သူ့ကို ဝယ်​ပေးထား​​သော အနက်​ရောင် သိုး​မွေးကုတ်ရှည်ကို ဝတ်ထားခဲ့ပြီး သူ့လည်ပင်းကို ဖုံးထားသည်မှာ သူမ သူ့ကို ​ပေးခဲ့သည့်လည်စည်းပင်။

ထိုလူမှာ သူပါပင်။ သူတကယ်ပဲ ပြန်​ရောက်​နေသည်။

ကျန်းမန့် စိတ်လှုပ်ရှားစွာနှင့် ​ခေါင်းလှည့်လိုက်​ပေမဲ့ ကမန်းကတန်းလှုပ်လှုပ်ရှားရှားဖြစ်သွားသည်​ကြောင့် ပထမက ​ခေါင်းမူး​နေခဲ့ရာမှ ယခုမူ ထိန်းမထားနိုင်​တော့။ သို့ရာတွင် သူမ စိတ်ထဲမှာ ကြိုးထုံးမှာ ​​​လျော့သွားခဲ့သည်။ သူမ မတ်တပ်မရပ်နိုင်​တော့ရင်​တောင်မှ ကိစ္စမရှိ​တော့ဘူး ... သူ ဒီမှာ ရှိ​နေပြီမလို့။

ထို့​ကြောင့် သူမ ​ခြေနှစ်​ချောင်း​ပေါ် အားပြုပြီး မတ်မတ်ပြန်ရပ်ရန် မ​လော​တော့။ ထို့အစား နို့လက်ဖက်ရည်ကိုင်ထား​သော လက်တို့နှင့် လီ​ဝေ၏ ခါးကို ဖက်လိုက်ပြီး သူမတွင် အရိုးဟူသည် မရှိ​တော့သည့်အလား သူ့လက်​မောင်းများ​ထက် မှီလိုက်ရင်း သူမ မျက်လုံးများကို ပိတ်ထားလိုက်၏။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now