Chapter - 09

3K 429 17
                                    

Unicode

" Acceleration ဆိုတာက Velocity နှေးသွားတာ၊ ဒါမှမဟုတ် မြန်သွားတာကြောင့် တစ်နည်းအားဖြင့်ပြောရရင် Velocity ပြောင်းလဲသွားလို့ဖြစ်ပေါ်လာတာ ။ ဒါပေမဲ့ Velocity ရှိတိုင်း Acceleration မရှိဘူး။ လမ်းမှာ သွားနေတဲ့ ကားတစ်စီးကို တွေးကြည့် ... အဲ့ကားက Velocity တစ်ခုတည်းနဲ့ သွားနေတယ်။ ပိုပြီးတော့ မြန်မလာသလို၊ နှေးလည်း နှေးမသွားဘူး။ Velocity က တသတ်မတ်တည်း ဖြစ်နေတဲ့ အခြေအနေမှာဆို Velocity မပြောင်းလဲတဲ့အတွက် Acceleration မရှိဘူး။ အဲ့တာကြောင့် Acceleration တန်ဖိုးက သုည "

လီဝေက အသေးစိတ် စရှင်းပြလာခဲ့သည်။ ကျန်းမန့်က ဒီတစ်ကြိမ်မှာတော့ သတိထားပြီး အကုန်လုံးကို မသိဘူး ငြင်းနေမည့်အစား ဘာမှမသိတာကနေ နည်းနည်းပိုသိလာသလိုမျိုး ဖြစ်အောင် ထိန်းထားသည်။

ကြားထဲက ရလာသည့်အချိန်တွင် သူမက စပြီး မေးခွန်းတစ်ချို့ကို မေးကာ၊ လီဝေက မှန်တဲ့အခါ ခေါင်းကို အသာငြိမ့်ပြသည်။

အဲ့လိုလုပ်တာက လီဝေအနေနဲ့ သူမကို ကူပြီးရှင်းပြပေးနေသလို သူမကလည်း တုံးအမနေဘူးတဲ့ ပုံစံမျိုးဖြစ်စေသည်။

တစ်နာရီကျော်လောက်က ခပ်မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့သည်။ လီဝေက တစ်ခါတည်း စကားအများကြီးပြောရတာနဲ့ ကျင့်သားမရသေးတာကြောင့် သူ့ရဲ့ အနည်းငယ်ဩတဲ့အသံက ပိုပြီး ခြောက်သွေ့လာသည်။ 

ကျန်းမန့် သူ့အတွက်စိတ်မကောင်းဖြစ်သွားသည်ကြောင့် သူမက နေ့လည်စာအရင်စားပြီးမှ ဆက်လုပ်ဖို့ အကြံပေးလိုက်သည်။ 

ရေခဲသေတ္တာထဲက စားစရာတွေကို သေချာ ယူပြီးနောက် မီးဖိုချောင်ထဲက မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ နွှေးလိုက်ပြီး ရေနှစ်ခွက်နဲ့ သယ်လာကာ စာကြည့်ခန်းထဲကို သယ်ခဲ့လိုက်သည်။

သူတို့က မျက်နှာချင်းဆိုင်လျက် ငြိမ်သက်စွာပဲ စားနေကြသည်။ လီဝေက မျက်လုံးတွေကို အောက်သို့ ငိုက်ချထားကာ သူဘာတွေးနေမှန်း သူမ မသိပေ။

ကျန်းမန့်က ထမင်းတစ်လုပ်စာကို မျိုချလိုက်ပြီး ဂရုတစိုက်မေးလိုက်သည်။

" လီဝေ နင့် ... နင့် အမေ ဒီနေ့ အိမ်ပြန်မလာဘူးလား "

ဆယ်ကျော်သက်ကောင်ငယ်လေးက သူမမေးခွန်းကြောင့် အမူအရာပင် ပြောင်းမသွားပေ။ သူက သဘာဝကျကျနဲ့ပဲ ပြန်ဖြေသည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now