Chapter - 48

2.4K 318 8
                                    

Unicode

ထိုတစ်နေ့ညက ကျန်းမန့် အိပ်ပျော်သွားပြီးသည့်နောက် လူငယ်လေးက ကိုယ့်ကိုယ်ကိုယ် ရေချိုးခန်းထဲ ပိတ်လှောင်ထားခဲ့သည်။

အေးစက်နေသည့် ရေချိုးခန်း ကြမ်းပြင်ပေါ်၌ တစ်ညလုံး ထိုင်ခဲ့၏။

ရေချိုးခန်းထဲတွင် အပူငွေ့ဆိုသည်မှာ လုံးလုံးမရှိသည့်အပြင် ပြတင်းပေါက်ကိုပါ ဖွင့်ထားခဲ့ခြင်းကြောင့် ည၏ ကျောထိအောင် စိမ့်တက်စေသည့် လေအေးတို့နှင့် ကြမ်းပြင်‌အအေးဓာတ်ဟာ သူ့ကို နိုးထနေစေခဲ့သည်။ 

__ တကယ်တော့ သူက စင်စစ်ကိုပင် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေခဲ့တာပဲ။

တိတ်ဆိတ်နေသော အမှောင်ထုဟာ သူ့ထံ ချင်းနင်းဝင်ရောက်လာသည်။

သူ့လိုမျိုး လူက ဒီကမ္ဘာမှာ အသက်ရှင်မနေသင့်ဘူးဆိုတာ အမှန်ပဲလား။

သူ့အဖေ ဘယ်လိုခံစားခဲ့ရလဲဆိုတာ ရုတ်တရက် သူ သဘောပေါက်လိုက်သည်။

သူ ချစ်နေပါသော ဤမိန်းကလေးကိုတောင် နာကျင်အောင် လုပ်ချင်ခဲ့တဲ့အချိန် သူမကို သူ့ဘေးနားရှိနေပေးဖို့ တောင်းဆိုဖို့ရာ အကြောင်းပြချက်မရှိနိုင်တော့သည်အထိ ရှင်သန်ဖို့ရာ သိပ်ကို နာကျင်စရာကောင်းနေမှတော့၊ သူ အသက်မရှင်တော့တာက ပိုမကောင်းဘူးလား။ 

နောက်တစ်နေ့ အရုဏ်မတက်ခင် အခန်းထဲကို တိတ်တဆိတ်ပြန်ဝင်သွားပြီး သူမ ဘေးတွင် ဝင်လှဲလိုက်သည်။ ထောင်ချောက်က ဤအချိန်မှ စတင်လာခဲ့သည်။

သူ့ကိုယ်သူ သရော်မိသည်။

မုဆိုးတစ်ယောက်က သားကောင်ကို မိရန် ကျော့ကွင်းကို ထောင်လေ့ရှိသည်။ သူတို့ ဖမ်းချင်သည့် သတ္တဝါကို ထောင်ချောက်ထဲဝင်လာစေရန် ဖြည်းဖြည်းချင်း မြှူကာ နောက်ဆုံးစက္ကန့်တွင်မှ အမိဖမ်းတတ်သည်။ တစ်ချိန်တည်းမှာပဲ လီဝေကိုယ်တိုင်ကလည်း သူ့သားကောင်ကို လွှတ်ပေးရန် အခက်ထန်ဆုံး ကြိုးစားနေသည်။ 

အကယ်၍ သူသာ ပြိုလဲကျသွားတာတွေ၊ ဒါမှမဟုတ် စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေ ပြခဲ့ရင် မန့်မန့်က သူနဲ့ တစ်သက်လုံးရှိသွားပေးလောက်သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now