Chapter - 83

1.9K 197 1
                                    

unicode

နေ့အချိန်တွင် ကမ္ဘာကြီး၏ မတူညီသော နေရာများမှာ နှင်းကျသည်ဖြစ်စေ၊ မိုးစဲသည်ဖြစ်စေ၊ နေသာသည်ဖြစ်စေ ကွဲပြားနေပေမဲ့ ညအချိန်အများစုမှာတော့ ပုံစံတူ၏။

ကျန်းမန့် လီဝေ၏ ပုခုံး၌ မှီနေရင်း ရုတ်တရက် လူတစ်ယောက်ကို သတိရသွားသည်။

သူမ တွန့်ဆုတ်ဆုတ်ဖြင့် လီဝေကို ရှုပ်ထွေးသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ 

" ဘာဖြစ်လို့လဲ? ကိုယ့်ကို ဒီလိုကြည့်နေတာ "

လီဝေ သူ့လက်ညိုးဖြင့် ဇနီးသည်၏ နဖူးကို တောက်လိုက်သည်။ သူမ၏ စိတ်မရှည်သော အကြည့်ကို လက်ခံလိုက်ရရင်း သူက သူမခေါင်းကို ပွတ်သပ်လိုက်သည်။

လက်ထပ်ပြီး နှစ်တွေကြာသည့်တိုင် သူတို့ နှစ်ယောက်တည်းရှိချိန်တိုင်း သူက သူမကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအလွန်က ကလေးတစ်ယောက်လို ဆက်ဆံနေဆဲ။

" ရှင် ဒီနေ့ ဆုမယူခင်က ကျွန်မ အမေနဲ့ ချန်ချန်အပြင် ရှင့် ... ရှင့်ရဲ့ အဘိုးကလည်း ခေါ်သေးတယ်။ အဲ့တာ ကျွန်မ ဖုန်းကိုင်လိုက်တယ် "

လီဝေ ကြားတော့ သူ့မျက်လုံးများက အေးစက်သွားသည်။

သူ အနောက်ကို မီလိုက်ပေမဲ့ သူ့ လေသံမှာ ထူးဆန်းနေတာမျိုးမရှိ " သူ ဘာပြောလဲ "

ကျန်းမန့် သူ့ ညဝတ်အင်္ကျီလက်ကို ဆွဲလိုက်ပြီး သူ့လက်ချောင်းများကို အချိန်ခဏကြာ ကိုင်နေပြီးမှ ပုံမကျစွာ လက်ချင်း ယှက်လိုက်သည်။

" သူပြောတာ သူ့မှာ ရောဂါတစ်ခုခုတွေ့ထားတယ် အဲ့တာ ရက်တွေ သိပ်မကျန်လောက်တော့ဘူး ... ရှင် နောက်တစ်ခေါက် တရုတ်ကို ပြန်လာဖြစ်ရင် ရှင့်ကို သူ တွေ့ချင်တယ်တဲ့။ ဘယ်လို ထင်လဲ "

တကယ်တော့ လီဝေရဲ့ အဘိုး သူတို့ကို ဆက်သွယ်လာတာ ဒါက ပထမဆုံး အကြိမ်မဟုတ်။

ပထမဆုံးအကြိမ်က လွန်ခဲ့သည့် ဆယ်နှစ်ကမလား။

---

လွန်ခဲ့သည့် ဆယ်နှစ်၊ ကယ်လီဖိုးနီးယား၊ ယူအက်စ်အေ။

လီဝေ စတန်းဖို့ဒ်၌ ဒေါက်တာဘွဲ့ကို လက်ခံပြီးနောက် UC ဘာကလေ ၌ ပါရဂူလက်ထောက်အဖြစ်တစ်နှစ်ဝင်လုပ်ခဲ့သည်။ ကျန်းမန့်ကတော့ တတိယနှစ်တွင်မှာမှ စတန်းဖို့ဒ် ဆေးဘက်ဆိုင်ရာ ဧည့်ဆရာဝန်အဖြစ် ရောက်ခဲ့သည်။ 

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now