Chapter - 70

1.7K 208 1
                                    

Unicode

ရုံခန်းမ၏ မှိန်ဖန့်ဖန့်မီးရောင်အောက်ရှိ နေရာတစ်ခုတွင် လူငယ်အမျိုးသားလေး၏ အသားရည်မှာ ကျောက်စိမ်းကဲ့သို့ ဖြူနစ်နေပြီး သူ့နှုတ်ခမ်းထောင့်တစ်နေရာတွင် တောက်ပပအနီရောင်တစ်ခုရှိနေသည်မှာ ရုပ်ရှင်အဆုံးနားတွင် ပြသွားသော ပြုံးနေသည့် မိန်းမငယ်လေး၏ နှုတ်ခမ်းအစွန်းတွင် ထင်းနေခဲ့သော နီစွေးစွေးသွေးစက်များအလားပင်။

—" အားးးး "

ရုပ်ရှင်ကား၏ ဇာတ်အိမ်တည်ထားပုံမှာ သိပ်ကို ကြောက်ဖို့ကောင်းပြီး သုံးသွားသည့် အပြင်အဆင်များမှာလည်း လက်တွေ့ဆန်လွန်းသည်။ ကျန်းမန့် ထိုအပိုင်းကို ကြည့်လိုက်ရသည်နှင့် သူမ စိတ်ထဲတွင် စာသားတစ်ခုက ပဲ့တင်သံစထပ်လာတော့သည်။

' မင်းဘေးမှာ ထိုင်နေတဲ့လူက လူသားလား၊ သရဲလားဆိုတာ မင်း ဘယ်တော့မှ သိမှာမဟုတ်ဘူး '

သူ...သူက သရဲတော့ ဖြစ်မနေနိုင်ဘူးမလား?

ခေါင်းထဲတွင် အကြောက်တရားက ကြီးစိုးနေ၍ လက်တွေ့စဉ်းစားနိုင်စွမ်းဟာ ပြားပြားဝပ်သွားရသည်ကြောင့် အာမေဋိတ်သံပြုမိကာ ကိုယ်လေးမှာ တွန့်သွားရပြီး သူမကို ပွေ့ဖက်ထားသည့် သူ့လက်အစုံမှ ရုန်းလိုက်မိ၏။ သူ့အဝေးကို ရောက်သွားပြီး သူမ ထိုင်ခုံနေရာတွင် တုန်တောင် တုန်သွားရသည်။

ရှေ့ခုံမှ ကောင်မလေးနှစ်ယောက်ကလည်း ဇာတ်လမ်းကြောင့် ကြောက်ဒူးတုန်နေပြီး သူတို့ စိတ်တွေကလည်း ရုန်းမထွက်နိုင်သေး။ မထင်မှတ်ထားစွာနှင့် အော်သံတစ်ခုကို ကြားလိုက်ရသည့်အခါ အဖော်ရသွားသည့်အနှယ် ဂယောင်ခြောက်ခြား ချက်ချင်း လိုက်အော်မိလေသည်။

" အားးး "

" အားအားးးး "

"..."

သို့နှင့် စက္ကန့်အနည်းငယ်စာအတွင်း ခန်းမထဲရှိ နေရာအသေးလေးမှစကာ ကြမ်းတမ်းသော အော်သံများက တစ်ယောက်ပြီး တစ်ယောက် ထပ်သွားကြသည်။ တချို့ မိန်းကလေးများဆို အသံဝင်မတတ်။

ရုပ်ရှင်အပြီးတွင် သန့်ရှင်းရေးတာဝန်ကျသည့် အန်တီကြီးမှာ ရေပုံးနှင့် ကြမ်းသုတ်ဝတ်ကို ကိုင်ကာ ဝတ်လာသည်။ : ဒီကြည့်ရှုသူတွေက သတ္တိခဲတွေပဲ။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now